ဓမ္မအမေးအေြဖကဏ္ဍ(၁)
မေး =
ဆရာခင်ဗျား-ပဋ္ဌာန်းပါဠိတော်များကို အဓိပ္ပာယ်မသိ သော်လည်း ရွတ်ဖတ်ပူဇော်ပါက ကုသိုလ်ရပါသလား ခင်ဗျား။ ။
ေဖြ = ကဿပဘုရားရှင်လက်ထက်တော်က လင်းနို့ သားငါး ရာတို့ဟာ မထေရ်နှစ်ပါး စင်္ကြံလျှောက်ရင်း အဘိဓမ္မာ ရွတ်ဖတ်သံကို နာယူ ကြည်ညိုခဲ့ဖူးတယ်။ တိရစ္ဆာန် ဘာဖြစ်တာကြောင့် တရားကို သေချာ မသိပေမဲ့လည်း အသံနိမိတ်ကို မှတ်ယူဖူး ပါတယ်။ ထိုကုသိုလ်
ကြောင့် ကားနှစ်ဆူတို့၏ ကြားကာလပတ်လုံး နတ်ပြည်မှာ ဖြစ်ရပြီး ဂေါတမမြတ်စွာအားပွင့်တော်မူတဲ့စဉ် အရှင် သာရိပု တ္တရာရဲ့ တပည့် ရဟန်းငါးရာဖြစ်လာ ကြသောအခါ အခမ္မာဒေသနာတော်ကို
အရှင်သာရိပုတ္တရာထံမှ ဦးဦး ဖျားဖျား သင်ယူခွင့်ရ သည်ကို ထောက်ဆ ပြီးလျှင် (ဓမ္မ၊ ဋ္ဌ၊ ၂၊ နှာ-၁၄၅)။ နောက်သာဓက ဇာတ်တော်တစ်ခုကို ပြောရလျှင် ရေအိုင်များတွင် တရားသံကို နားစွင့်နေသော ဖားတစ် ကောင်ရှိပါတယ်။ နွား
ကျောင်းသားတစ်ယောက်က အမှုမဲ့ အမှတ်မဲ့ နှင်တံနဲ့ ထောက်မိ တာကြောင့် တရားနာနေသော ဖားကလေးသေလွန်ပြီးသော် တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်ရသည်ကို လေ့လာပြီး (ဝိမာန၊ ၂၀၁)။
ပဋ္ဌာန်းပါဠိတော်များကို အဓိပ္ပာယ်မသိသေးပေမဲ့ ကုသိုလ်စိတ်နဲ့ ရွတ်ရင် အကျိုးတရားများစွာ ရနိုင်၏ဟု မှတ်ယူရပါမယ်။ အဓိပ္ပာယ်သိပြီး ရွတ်ဖတ်ပါက ပိုမိုကောင်း၏ဟုလည်း သိမှတ် ထားသင့်ပါတယ်။
အောက်ဖော်ပြပါ အေကြာင်းအရာများကိုနှိပ်၍ ဆက်လက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။🙏🙏🙏
အေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်ေ၀သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူဖော်ပြထားပါသည်။
အေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။
Comments
Post a Comment