ထုတ်ေ၀သူ၏
🔰ဆန္ဒမွန် 🔰
သာသိမ်မွေ့သောစကား၊ ကောင်းသော စကား၊ မေတ္တာပြည့်ဝသော စကား၊အစွန်းနှစ်ဖက်လွတ်သော စကား၊ အဓိပ္ပာယ်ပြည့်ဝသောစကား၊ စစ်မှန်သော ကား၊ သစ္စာပြုတိုင်တည်သကဲ့သို့ တည်ကြည်မှန်ကန်သော စကား၊ စေ့စပ် နှိုင်းမှုများအလယ် တည်ကြည်စွာ ပြောဆိုညှိနှိုင်းနိုင်သော စကား၊ အကျိုးရှိမှန်ကန်သော စကားတို့သည် ရိုးရှင်းသလောက် ကျင့်သုံးပြောဆိုရန် ခက်ခဲတတ် သည်။ သို့ရာတွင် ဘုရားရှင်နှင့် တကွ သူတော်စင်တို့သည် အကျိုးရှိ မှန်ကန်သောစကား ပြောဆိုခြင်းအား အထူးအားပေးခဲ့ကြသည်။ မှန်သော စကားကို ဆိုခြင်းသည်သာ လူ့သိက္ခာဟုလည်းဆိုအပ်ပေသည်။ 'သုကထာ' ကောင်းသော စကားကို ဆိုခြင်းအား မြန်မာ့လူဘောင်တွင် ငယ်ရွယ်စဉ်ကပင် အဘိုးအဖွား၊ မိဘ၊ ဆရာသမားတို့မှ စဉ်ဆက်မပြတ် သင်ကြားပို့ချခဲ့ကြပေ သည်။ အရွယ်လွန်သင်ကြား မုသားစကားများသည် ဝန်းကျင်အခြေအနေအရ ပြောဆိုနေကြသော်လည်း စစ်မှန် တည်ကြည်သော “သုကထာ စကား
များအား ကျော်လွန်လွှမ်းဖို့ရန် မစွမ်းဆောင်နိုင်ပါချေ။ထို့ကြောင့် မှန်ကန်သော အကြောင်းတရားများ၊ ဝတ္ထုပုံရိပ်များအား စုစည်း တင်ပြခြင်းဖြင့် မြန်မာ့ လူ့ဘောင်တွင် မှန်ကန်သော စကားများ ပိုမိုဖွံ့ထွား၊ လူသုံးများစေရန် စေတနာ ) ရည်သန်၍ “သုကထာ သစ္စာစကားအား အရှေ့ အိမ် စာတည်းအဖွဲ့ မှ ဆိုတည်ပါ သည်။ ဤမှန်သော “သုကထာ” သစ္စာကြောင့် ဗုဒ္ဓသာသနာနှင့် စာပေ အရှိန်အဝါသည် ကမ္ဘာတည်သ၍ ကျယ်ပြန့်စွာ တည်ရှိ ပြန့်ပွားပါစေသား။ ။
ထုတ်ဝေသူ
Comments
Post a Comment