Skip to main content

မြန်မာအ​​ေတွးရှမ်းအ​​​ေပြး

မြန်မာအတွေး ရှမ်းအပြေး 
                   သင်္ဂဇာဆရာတော်ဘုရားကြီးသည် ပဲခူးမြို့၌ တရားပြနေစဉ် ဒကာ တစ်ယောက်ရောက်လာ၏။ ဒကာက ဆရာတော်ကြီးအား “ဆရာတော်ဘုရား-စူဠဂဏ္ဍိ ဆိုတာ မည်သည့်အကြောင်းအရာကို စူဠဂဏ္ဍိဟုခေါ်ဝေါ်ပါသနည်း” ဟု မေးလျှင် ဆရာတော်က “ဆွေမျိုးစဉ်ဆက်ကို ရေတွက်ရာမှာ အဘယ်အကြောင်းအရာကို ယူရသလဲ” ဟု ပြန်မေး၏။ ထိုအခါမှ တပည့် ဒကာက “အရှင်ဘုရား-ဘဲအား မိစ၍ ယူရမည်ဆို၍သာ ယူရပါသည်။ အကြောင်းခြင်းရာ မသိပါအား” ဟု ဖြေကြားသည်။ ထိုအခါ ဆရာတော်ကြီးက 
မြန်မာအတွေး ရှမ်းအပြေးပမာ ကိုယ့်ဟာ ကိုယ်မှ မသိတာသည် ဟု ပြောပြီး အောက်ပါဝတ္ထုကို ဟောကြားတော်မူသည်။ 
                           တစ်ခါက တောတောင်ထူထပ်သောဒေသတွင် မြန်မာ တစ်ယောက်သည် ဆန်အိတ်ထမ်းလာသည်။ သူ့နောက်မှ ရှမ်း တစ်ယောက်က ခပ်သွက်သွက် လိုက်လာ၏ ။ ထိုစဉ် မြန်မာထမ်းသော ဆန်အိတ်က ပေါက်၍ ဆန်များ ထွက်ကျန်နေသည်ကို မြင်သဖြင့် ရှမ်းက-
                      “ဟေ့ မြန်မာ--- ဆန်အိတ် ပေါက်သည်”ဟု အဆောတလျင် သတိပေးသည်ကို မြန်မာ့နား၌ ရှမ်း၏ စကားဝဲမှုကြောင့် “ဆင်အီး ပေါက်သည်” ဟု ကြား၏။ ထိုအခါ မြန်မာသည် ဆင်အီးပေါက်လျှင် အနီးအနားတွင် ဆင်ရိုင်းတော့ရှိလေပြီဟု ယူဆကာ ထိတ်လန့်၍ မရပ်မနား တောက်လျှောက်ပြေးလေသည်။ ရှမ်းကလည်း မြန်မာ နောက်သို့ ထက်ကြပ်မကွာလိုက်၏။ ရှမ်းပြေးသည်မှာ မြန်မာနှင့် ဝေးမည်စိုး သောကြောင့်သာဖြစ်၏။ သို့နှင့် နှစ်ယောက်သား မရပ် မနားပြေးပြီး မောမောနှင့် နှစ်ယောက်သား သစ်ပင်အောက်တွင် နားကြလေ၏။
ထိုအခါမှ ရှမ်းက... 
“ မြန်မာ-သင်ဘာကြောင့် ပြေးသနည်း- ။အရေးကြီးလှပါတကား” 
ဟု မေးလျှင် မြန်မာက “သင်-ငါ့ နောက်က ဆင်အီးပေါက်သည်ဟု ပြောသည်မဟုတ်လား၊ ထို့ကြောင့် ငါကြောက်၍ ပြေးသည်” ဟု ဆိုရာ ရှမ်းက မြန်မာ၏ ဆန်အိတ်ပေါက်ကို လက်ညှိုးညွှန်ပြသည်။ ထိုအခါမှ တစ်ယောက်နှင့် တစ်ယောက် အထင်လွဲမှားသည့်ဖြစ်ရပ်ကို သဘောပေါက်ကြကာ ခေါင်းချင်းဆိုင် လျက် တသောသောရယ်မောကြလေသည်။ 
               သည်ကိုပင် မြန်မာပြေး၍သာ ရှမ်းလည်းလိုက်ပြေးရသည့်အကြောင်းကဲ့သို့ ဒကာမှာလည်း အကြောင်းအရာကို ကောင်းစွာ မသိပဲ စူဠဂဏ္ဍိဖြစ်ရသည်ဟု မိန့်တော်မူလေသည်တွင် တရားနာသူအားလုံးသည် သောသောရယ်ကြလေသည်။ 
                                                                     သီရိချမ်းသာ
           (သင်္ဂဇာဆရာတော်ကြီး၏ မှတ်သားဖွယ်စကားများမှ)

အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူ​ဖော်ပြထားပါသည်။

အ​​​ေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အ​​ေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။


Comments

တစ်ပတ်အတွင်းဖတ်ရှုမှု အများဆုံး ပိုစ့်များ

​ေမတ္တသုတ်​တော် ဝတ္ထုဖြစ်စဥ်

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၂)

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်       ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။      အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။        ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။          ထိုအခါ...