မြန်မာ့ ၁၂ လ ရာသီပန်း သရဖီပန်း
တပေါင်းလ၏ အထိမ်းအမှတ်ပန်းသည် သရဖီပန်းဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် (Calophyllum spectabile)ဟုခေါ်သည်။ ပုန်းညက်ပန်းနှင့် မျုိးတူဖြစ်၍
ဂတ်တီဖာရီ မျုိးရင်း၌ပါ၀င်သည်။
ပူအိုက်သောရာသီဥတုရှိသည့် ဒေသများတွင် ပေါက်ရောက်သော အပင်ဖြစ်၍ တနသင်္ာရီတိုင်း အမြဲစိမ်းတောများတွင်အများအပြား ပေါက်ရောက်သည်။ ပင်စည်ေြဖာင့်မတ်၍ အမြင့်ပေ ၇၀-မှ ၈၀ အထိရှိနိုင်ပြီးလျှင် လုံးပတ် ခုနစ်ပေခန့်ရှိသည်။ အရွက်များသည် ပုန်းညက်ရွက်ကဲ့သို့ ေချာမွတ်ေြပာင်လက်သည်။ အနားညီပြီး ရှည်ရှည်ဝုိင်းဝိုင်း ပုံသဏ္ဌာန်ရှိသည်။ ပုန်းညက်ရွက် နည်းတူ အလယ်အေကြာမမှ အေကြာငယ်များ ထင်ရှားစွာယုဥ်ပြိုင်ထွက်ပေါ်နေ၏။ အပွင့်ပွင့်သောအခါ အကိုင်းအခတ်များမှ အပွင့်ကလေးများ တစ်ပွင့်ချင်း ထွက်ပွင့်သည်။ပွင့်ညှာတံတို၍ အပွင့်ကြဲသည်။ ဝတ်ဆံအဝါရောင်ရှိသော အဖြူပွင့်ကလေးများဖြစ်သည်။ သင်းပျံ့သော ရနံ့ရှိသည်။
သရဖီပင်၏ အသားသည် ညိုသည်။ အတော်အသင့်မာ
ေကျာ၏။သရဖီသားကို နေပူတွင် အေခြာက်လှမ်း၍ အသားသေအောင်ပြုလုပ်လျှင် ေကွးကောက်တတ်သောေကြာင့်ပေါင်းဖိုတွင် အေခြာက်ခံမှ သစ်ကောင်းရ၏။
ကိုးကား-မြန်မာ့စွယ်စုံကျမ်၊ အတဲွ(၁၃)
အေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် စာပုဒ်ဖြစ်ပြီး အေရှ့အိမ်ပုံနှိပ်တိုက် သုကထာစာစဥ်အတဲွ(၁) အမှတ်(၁) မှ ကူးယူဖော်ပြထားပါသည်။
Comments
Post a Comment