ရတနသုတ်တော် ၀တ္ထုဖြစ်စဉ် ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။ အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။ ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။ ထိုအခါ...
Comments
Post a Comment