ဓမ္မအမေးအေြဖကဏ္ဍ(၂)
မေး
= ဆရာရှင့်- အင်္ဂုလိမာလဟာ လက်ညှိုးတစ်ထောင်ရဖို့ လူတစ်ထောင် သတ်ရသည်ဟု သိရပါသည်ရှင့်။ လူ တစ်ယောက်တွင် လက်ညှိုး နှစ်ချောင်းပါ သောကြောင့် လူငါးရာသတ်ပါက လက်ညှိုးတစ် ထောင် ပြည့်နိုင်သည် မဟုတ်ပါလား။ အဘယ်ကြောင့် လူတစ်ယောက်လျှင် တစ်ချောင်းသာ ဖြတ်ယူရပါသလဲ ဆရာ-
ေြဖ- “မနုဿာနံ သဟဿဒက္ခိဏဟတ္ထင်္ဂလိယော အာနေ ဟိ”(ထေရ၊ ဋ္ဌ၊ ၂၊ နှာ-၃၂၅) ဟူသော အဖွင့်အရ အဟိသ က၏ ဆရာက သူ့တပည့် အဟိသက လူများများသတ် ပါက တစ်ယောက်ယောက်က အဟိသကကို ပြန်သတ် နိုင်လိမ့်မည် ဟူ သော အတွေးဖြင့် “လူတစ်ထောင်တို့၏ လက်ယာ လက်ညှိုးတစ်ထောင် ယူဆောင် ခဲ့လေ” ဟု စေခိုင်းလို့ အသက(အင်္ဂုလိမာလ)သည် လူတစ်ယောက် လျှင် တစ်ချောင်းသာဖြတ်ယူခြင်းဖြစ်ပါတယ်။
မေး- ဆရာရှင့်-သရဏဂုံသုံးပါးတည်ရုံမျှနဲ့ ဗုဒ္ဓဘာသာဝင် ြဖစ်နိုင်ပါပြီလား ဆရာရှင့်။
ေဖြ- သရဏဂုံသုံးပါးတည်ရုံမျှနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်နိုင်ပါ တယ်။ သို့သော် မြတ်စွာရားရှင်ရဲ့ အဆုံးအမများကို လက်တွေ့ လိုက်နာ ကျင့်သုံး ပါက အမြတ်စား၊ အကောင်းစား၊ အထက်တန်းစား ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။
အောက်ဖော်ပြပါ အေကြာင်းအရာများကိုနှိပ်၍ ဆက်လက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။🙏🙏🙏
အေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်ေ၀သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူဖော်ပြထားပါသည်။
အေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။
Comments
Post a Comment