Skip to main content

ခန္ဓ၊ ​မောရ၊ ဝဋ္ဋ သုတ်​တော် ဝတ္ထုြဖစ်စဥ်များ

 

လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊
​​​ေကျာက်တံတားမြို့နယ်။
ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅


           ခန္ဓသုတ်တော် ဝတ္ထုဖြစ်စဉ် 

        ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူကြသော ရဟန်းတော်များသည် ညဉ့်ဦးယံ အခါ၌ သွားလာမပျက် မြတ်စွာဘုရားထံ ဆည်းကပ် ခစားခြင်း၊ တရားနာခြင်း၊ ဆွေးနွေးခြင်းများကို ပြုလုပ်ကြကုန်၏။ တစ်ညဉ့်တွင် ရဟန်းတစ်ပါး လမ်းကူးစဉ် မြွေကိုက်၍ ပျံလွန်တော်မူလေသည်။ ယင်းအကြောင်းကို မြတ်စွာဘုရား သိရှိတော်မူ လေသော် ဝိရူပက္ခ၊ ဧရာပထ၊ ဆဗျာပုတ္တ၊ ကဏှာ ဂေါတမ ဟူသော မြွေ ၄-မျိုးကို မေတ္တာပို့သော ခန္ဓသုတ်တော်ကို ရွတ်ဖတ်ခြင်းဖြင့် အဆိပ်ရှိသော သတ္တဝါမှန်သမျှ မကိုက်ခဲကြကုန်ဟု မိန့်ဆိုတော် မူကာ ခန္ဓသုတ်တော်ကို ဟောတော်မူလေသည်။ - ခန္ဓသုတ်တော်ကို ရွတ်ဖတ်ခြင်းဖြင့် မြွေ၊ ကင်း၊ သန်း စသော အဆိပ်ရှိသော သတ္တဝါ မှန်သဖြင့်           မကိုက်ခဲခြင်း၊ အစာအဆိပ်နှင့် အခြားအဆိပ်များ မသင့်ခြင်း၊ နတ်တိုက်၊ စုန်းတိုက်များ ကင်းဝေးခြင်း စသော အကျိုးများ ရနိုင်ပါသည်။

         မောရသုတ်တော် ဝတ္ထုဖြစ်စဉ်

             မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း၌ စံတော် မူစဉ် ရဟန်းတစ်ပါးသည် လှပစွာပြင်ဆင်၍ လာသော မိန်းမပျို တစ်ဦးကို စွဲလမ်းတပ်မက်ကာ ရဟန်းတရားများကို အားမထုတ်နိုင်ဖြစ်နေလေရာ | သီတင်းသုံးဖော် ရဟန်းများမှ မြတ်စွာဘုရားထံသို့ ထိုရဟန်းကို ခေါ်ယူ ပို့ဆောင်ပြီး အကြောင်းစုံ လျှောက်ထားကြလေသည်။ ဘုရားရှင်က ထိုရဟန်းတော်ကို “ချစ်သား၊ သင်သည် မာတုဂါမကို စွဲလမ်းသော စိတ်များဖြင့် သာသနာတော်၌ မမွေ့လျော်ခြင်းသည် မှန်ပါ သလား” ဟု မေးလေရာ မှန်ကန်ကြောင်း ဝန်ခံလေ သည်။ ထိုအခါ ဘုရားရှင်က “မာတုဂါမကို စွဲလမ်း သော စိတ်သည် နှစ်ပေါင်း ခုနှစ်ရာ စင်ကြယ်စွာ နေလာခဲ့သော သူတော်ကောင်းကိုပင် ကိလေသာ စိတ်ဖြင့် တုန်လှုပ်ချောက်ချား စေတတ်၏” ဟု ရွှေဥဒေါင်းမင်းဇာတ်တော် ကို ဖော်ကျူး၍ ​မောရသုတ်​တော်ကို ​ဟောကြား​တော်မူ​လေသည်။

           ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီး၏ ကြင်ယာတော် ခေမာမိဖုရားကြီးသည် “ရွှေအဆင်း နှင့် ပြည့်စုံသော ရွှေဥဒေါင်းမင်း၏ တရားကို နာယူရ သည်” ဟု အိပ်မက် မြင်မက်သဖြင့် ရွှေဥဒေါင်းမင်း ထံမှ တရားတော် နာယူလိုကြောင်း ပူဆာလေသည်။ မင်းကြီးသည် တိုင်းပြည်အတွင်းရှိ မုဆိုးများကို ဆင့်ခေါ် စုံစမ်းရာ “ဒဏ္ဍကမည်သော တောင်ထွတ်၌ ရွှေရောင် အဆင်းနှင့် လှပတင့်တယ်ခြင်းတို့ဖြင့် အထူးပြည့်စုံသော” ရွှေဥဒေါင်းမင်းရှိကြောင်း ဖခင်ထံမှ ကြားရဖူးသော မုဆိုးတစ်ယောက်က သံတော်ဦးတင်ရာ “ရွှေဥဒေါင်းမင်းအား နာကျင်မှု မရှိစေဘဲ အရှင်လတ်လတ် ဖမ်းယူစေ” ဟု အမိန့် တော် ချမှတ်လေသည်။ ဘုရင်းလောင်း ရွှေဥဒေါင်းမင်းသည် ဟိမဝန္တာ ၌ နေထိုင်စဉ် နေ့စဉ်မပျက် နံနက် အိပ်တန်း | ဆင်းချိန်၌ ထွက်ပြုစ နေမင်းကြီးအား အရိုအသေ | ပေးလျက် “ဥဒေတယံ” အစချီသော ဂါထာကို ရွတ်ဆိုပြီး ညနေ အိပ်တန်းတက်ချိန်တွင် ဝင်လုဆဲဆဲ နေမင်းကြီးအား အရိုအသေပေးလျက် “အပေတယံ” အစချီသော ဂါထာတော်ကို တရိုတသေ ရွတ်ဆိုပြီး အိပ်တန်း တက်လေ့ ရှိလေ သည်။ ယင်းသို့ တရိုတသေ ရွတ်ဆိုခြင်းကြောင့် မုဆိုး များမှ နည်းအမျိုးမျိုးဖြင့် အရှင်ရအောင် ညွှတ်ကွင်း ထောင်၍ ဖမ်းပါသော်လည်း မမိနိုင်သဖြင့် ခေမာ မိဖုရားကြီးသည်လည်း ရွှေဥဒေါင်းမင်းထံမှ တရားနာယူလိုသော ဆန္ဒပြည့်ဝခြင်း မရှိဘဲ ခုနှစ်နှစ် အကြာ၌ နတ်ရွာစံ ကံကုန်လေသည်။ ခေမာ မိဖုရားကြီး ဆန္ဒကို ဖြည့်ဆည်း မပေးနိုင် သည့် ဗြဟ္မဒတ်မင်းကြီးသည် ရွှေဥဒေါင်းမင်းအပေါ် အငြိုးထား၍ “ဒဏ္ဍက ရွှေတောင်ရှိ ရွှေဥဒေါင်းမင်း အသားကို စားရပါက မအိုနိုင်၊ မနာနိုင်၊ မသေနိုင်” ဟု ရွှေပေလွှာတွင် ရေးကာ ကမ္ပည်းထိုးပြီး နတ်ရွာ လားလေသည်။ ယင်းပေလွှာအဆိုအရ ရွှေဥဒေါင်းမင်းအား ဖမ်းဆီးရန် မင်း ၆-ဆက်တိုင် ကြိုးစားသော်လည်း နေ့စဉ်ပြုနေကျ အရံအတား ဂါထာတန်ခိုးကြောင့်ဖမ်းဆီးနိုင်ခြင်း မရှိခဲ့​​​ေချ။

        ခုနှစ်ဆက်မြောက်မင်းလက်ထက် ရွှေဥဒေါင်း မင်းကြီးအား ဖမ်းရန် တာဝန်ကျသော မုဆိုးသည် လိမ္မာပါးနပ်စွာဖြင့် အကာအကွယ် အရံအတားကို ပျက်ပြားစေရန် ဒေါင်းမတစ်ကောင်ကို မွေးမြူ သင်ယူစေပြီး ရွှေဥဒေါင်းမင်း အိပ်တန်း အဆင်း၌ မ,အသံပေး၍ ညွှတ်ကွင်းများထောင်ရာ ရွှေဥဒေါင်း မင်းသည် ရွတ်ဆိုနေကြ ဂါထာကို ရွတ်ဆိုမှု မပြုမိဘဲ ဒေါင်းမလေးထံ ဆင်းအလာ ညွတ်ကွင်းမိလေ၏။ ရွှေဥဒေါင်းမင်းသည် ဘုရင်မင်းမြတ်အား မိမိ၏ အသားကို စား၍ “မအို-မနာ-မသေ” ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ မိမိမှာ လွန်လေပြီး သော အတိတ်ဘဝက ဤတိုင်းပြည်၌ စကြဝတေး မန္ဓာတ်မင်းဖြစ်စဉ်က သီလစောင့်ထိန်းခဲ့၍ ယခုကဲ့ သို့ ရွှေရောင်အဆင်းဖြင့် လှပတင့်တယ်ကာ အသက်ခုနှစ်ရာ ရှည်ရကြောင်းကို ပြောဆိုရာ မင်းကြီးက သက်သေပြခိုင်းသဖြင့် ဥဒေါင်းမင်းသည် ယခင် စကြဝတေးမင်း ဖြစ်စဉ်က ကောင်းကင်၌လှည့်လည်သွားရာတွင် အသုံးပြုသော စီးတော် ယာဉ်ဖြစ်သည့် ရတနာ ခုနှစ်ပါး စီခြယ်ထားသော ရထားသည် ဤမင်္ဂလာ ရေကန်တွင် ရှိလေသည်ဟု ဆိုပြီး မင်းကြီးအား ရေကန်ကို ဖော်၍ ရေကန်ကို တူးစေသော် ရတနာရထားကို တွေ့ရှိစေပြီး ယုံကြည်တော်မူစေပြီးနောက် ရွှေဥဒေါင်းမင်းသည် ဒါန, သီလ တရားတို့၏ အကျိုးတို့ကို မင်းကြီးအား ဟောကြားသည်။

           “မင်းကြီး------ဝဋ်၌ ဖြစ်သော သတ္တဝါ မှန်သမျှ မအို မနာ မသေသော သတ္တဝါမရှိ အိုရ နာရ သေရမည်မှာ ဓမ္မတာဖြစ်သည်။ မအိုရာ မနာရာ မသေရာ နေရာကား နိဗ္ဗာန်သာတည်း။ နိဗ္ဗာန်မှ လွဲ၍ ကြွင်းသော တရားတို့သည် အမြဲ မတည်ကုန်၊ ပျက်စီးသော သဘောရှိကုန်၏” ဟု တရားစကားပြောဆိုရာ မင်းကြီးသည် အလွန် နှစ်သက် ဝမ်းမြောက်လေသည်။ ရွှေဥဒေါင်းမင်း သည် မင်းကြီးအား “ကုသိုလ်ကောင်းမှုတို့ကို မမေ့မလျော့ ပြုလေလော့” ဟု ဆုံးမ ဩဝါဒပြု လေသည်။

                လှည့်လည်သွားရာတွင် အသုံးပြုသော စီးတော် ယာဉ်ဖြစ်သည့် ရတနာ ခုနှစ်ပါး စီခြယ်ထားသော ရထားသည် ဤမင်္ဂလာ ရေကန်တွင် ရှိလေသည်ဟု ဆိုပြီး မင်းကြီးအား ရေကန်ကို ဖော်၍ ရေကန်ကို တူးစေသော် ရတနာရထားကို တွေ့ရှိစေပြီး ယုံကြည်တော်မူစေပြီးနောက် ရွှေဥဒေါင်းမင်းသည် ဒါန, သီလ တရားတို့၏ အကျိုးတို့ကို မင်းကြီးအား ဟောကြားသည်။

               မောရသုတ် ပရိတ်တော်ကို မြတ်စွာဘုရား သည် တပည့်သာဝကတို့အား ပြန်လည် ဟောကြား တော်မူခြင်းကြောင့် ဘုရားအလောင်းတော် ရွှေဥဒေါင်းမင်း ဖြစ်စဉ်ဘဝက ဟောကြားသော တရားတော်ကို နာယူရသည့် ရဟန်းတော် များမှာ ကိလေသာကင်းကွာ၍ ရဟန္တာ ဖြစ်ကြလေသည်။    

               မောရသုတ်ပရိတ်တော်ကို ရွတ် သဖြင့် မင်းပြစ်ဘေးမှ ကင်းလွတ်ခြင်း၊ အချုပ်ထောင် မကျရောက်နိုင်ခြင်း အကျိုးများ ရနိုင်ပါသည်။

                 ဝဋ္ဋသုတ်တော် ဝတ္ထုဖြစ်စဉ် 

             မြတ်စွာဘုရားသည် တပည့်သာဝကတို့နှင့်အတူ နွေရာသီ အချိန် မာဂဓတိုင်းအတွင်း ဒေသစာရီ လှည့်လည်တော်မူရာ တစ်ခုသော တောနက် အရောက်တွင် တောမီးကြီး လောင်သည်နှင့် ပက်ပင်း တိုးကြလေသည်။ “ အရှိန်ပြင်းစွာ လောင်ကျွမ်းနေသော တောမီးကြီး ၏ အရှိန်ကြောင့် သစ်ပင်ကြီးများ တဝုန်းဝုန်း တဒိုင်းဒိုင်းနှင့် လဲပြိုကြသည်ကို မြင်တွေ့ရသော ပုထုဇဉ် ရဟန်းအပေါင်းတို့သည် ဆောက်တည်ရာမရ တုန်လှုပ် ချောက်ချားကြကုန်၏။ အချို့သည် ပြေးလွှား၊ အချို့သည် ပုန်းခိုဖို့နေရာရှာခြင်းဖြင့် သောကကြီးစွာ ဖြစ်နေစဉ် အချို့သော ဉာဏ်ပညာ ကြီးမားသည့် ရဟန်းတော်များမှ “ငါတို့သည် မြတ်စွာဘုရားနှင့် အတူတကွ ကြွချီလာကြသဖြင့် ဣန္ဒြေမရ မဖြစ်သင့် ဘုရားရှင်၏ အထံတော်၌ ခစားကြကုန်အံ့ဟု ဆိုကာ မြတ်စွာဘုရား ထံတော်ပါး၌ စုရုံးကာ နေကြလေသည်။ ထိုအရှိန်ပြင်းစွာ လောင်ကျွမ်းလာသော တောမီးကြီးသည် မြတ်စွာဘုရားနှင့် ရဟန်းတော်များ အနီး (တဆယ့်ခြောက်ပယ်) အတောင် ၃၂-တောင်အကွာတွင် ရပ်ကာ ​လောင်ကျွမ်းမှု မရှိဘဲ ငြိမ်း​အေးသွား​လေ​​​တော့သည်။

                 ဤဖြစ်ရပ်ကို မြင်ရသော ရဟန်းတော်များက မြတ်စွာဘုရားရှင်၏ ဘုန်းတန်ခိုးတော်ကို အံ့သြ ချီးမွမ်း တော်မူကြလေလျှင် ဘုရားရှင်က “ဤမီးတောက် မီးလျှံများ ငြိမ်းအေးရခြင်းသည် ငါ၏ ယခုဘဝ ဘုန်းတော်မဟုတ်၊ ရှေးယခင်အခါ ငါဘုရား နုစဉ်ဘဝ က သစ္စာပြုခဲ့သော နေရာဒေသဖြစ်၍ မည်သည့်နည်း နှင့်မျှ မီးမလောင်နိုင်ချေ” ဟု မိန့်ဆိုကာ အတိတ်ဘဝကို ဟောတော်မူလေသည်။ 

                  ဤတော၌ ဘုရားရှင် ငုံးငှက်ငယ်ဖြစ်စဉ်က သားပေါက် အရွယ်၌ ယခုကဲ့သို့ တောမီးကြီး လောင်လေရာ တောတွင်းရှိ သက်ရှိ သတ္တဝါမှန်သမျှ အသက်ဘေးမှ လွတ်ကင်းရာသို့ တိမ်းရှောင် စွန့်ခွာသွားကြလေသည်။ ထိုအခါ မသွားနိုင်၊ မပျံနိုင်သော အလောင်းတော် ငုံးငှက်ငယ်သည် အသိုက်တွင်းမှ နေပြီး“၌ အတောင်ရှိ၏၊ သို့သော် မပျံနိုင်သေး။ ငါ့၌ ခြေထောက်ရှိ၏။ သို့သော် မသွားနိုင်, မလှမ်းနိုင်သေး။ ငါ့၌ မိဘနှစ်ပါးရှိ၏။ သို့သော် ဤနေရာ၌ မရှိ၊ စွန့်ခွာသွားကြကုန်၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ့အား မီးဘေးမှ ကင်းလွတ်စေသတည်း” ဟူ၍ သစ္စာပြုတော်မူ၏။ 

           ထိုအခါ အလောင်းတော်ငုံးမင်းစံရာ အသိုက်သစ်ပင်နှင့် (တဆယ့်ခြောက်ပယ်) ၃၂ တောင်ကွာ ပတ်လည် အရောက် တွင် တောမီးသည် ရေနှင့် တွေ့သကဲ့သို့ ငြိမ်းအေးခြင်းသို့ ရောက်ခဲ့သည်။ 

            ယခု ချစ်သားတို့နှင့် ငါဘုရား ရပ်တန့်နေသော ၃၂-တောင် ပတ်လည်ရှိ ဤနေရာသည် ထိုမင်း ဖြစ်စဉ်က ငါဘုရားလောင်း သစ္စာပြုခဲ့သည့် နေရာ ဖြစ်သောကြောင့် ဤနေရာတွင် ဘဒ္ဒကပ်ကမ္ဘာ တည်သည့်တိုင်အောင် လုံးဝ မီးမလောင်နိုင်ဟု ဖော်ညွှန်းပြဆိုကာ ဝဋသုတ်တော်ကို ဟောပြခဲ့ကြ ပါသည်။ 

               ဝဋ္ဋသုတ်တော်ကို ရွတ်ဖတ်ပါက မီးဘေးမှ ကင်းဝေး စေနိုင်ပါသည်။

​အောက်​ဖော်ပြပါ အ​​​ေကြာင်းအရာများကိုနှိပ်၍ ဆက်လက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။🙏🙏🙏
 အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၂) မှ ကူးယူ​ဖော်ပြထားပါသည်။
                       

Comments