တိပ်ဆိပ်သောကာလ၌ ဖောက်ထွင်း၍ခွဲထွတ်လာသောအလင်းလှိုင်းများ(သိုမဟုပ်)
တည်ငြိမ်နေသော စာပေလောက အတွင်းသို့ မတူကွဲပြားသော စေတနာ၊ ဆန်းကျယ်သော အရောင်အသွေးစုံ အတွေးသစ် တို့ဖြင် အသစ် မွေးဖွား လာသည့် မြန်မာ ပြက္ခဒိန် ကိုယ်ရေးမှတ်တမ်းပါ စာစောင်စုဝေးမှုအသစ်၊ တနည်း အားဖြင့် ဆိုသော်
ရန်ကုန်မြို့ရဲ့ ကောင်းကင်မှာ မိုးတွေ သဲသဲမဲမဲရွာနေချိန်
အိမ်ထဲမှာ နွေးနွေးထွေးထွေးနေရင်း
သင်ဖတ်သင့်တဲ့စာအုပ်ကောင်းလေးတစ်အုပ် ထွက်ရှိလာပါပြီ။😘
သုကထာ စာစုများ ပေါ့🥰🥰🥰
မျက်နှာဖုံးအပြင်အဆင်ကအစ Quality အပြည့်နဲ့ပါပဲ။
မြန်မာမှုလက်ရာတွေပိုင်နိုင်ကျွမ်းကျင်လှတဲ့ ဆရာကောင်းကျော် (comic) ရဲ့လက်ရာ၊ အရှေ့အိမ်ပုံနှိပ်တိုက်ရဲ့စေတနာ၊ သုကထာ စာတည်းအဖွဲ့ရဲ့ ကြိုးစားမှုတွေကို သင်ခံစားရမှာပါ။
ဘာတွေဖတ်ရမလဲ
မာတိကာကိုရှိုးလိုက်လေ။
သူမတူတဲ့အပြင်အဆင်ပါ။
စာအုပ်အစမှာပဲ
နာမည်ကြီး ကဗျာဆရာကြီးတွေရဲ့ ဓမ္မအငွေ့အသက်ပါသော မြန်မာ့ရနံ့ကဗျာတွေကို သင်စီးမျောခံစားရမယ်။ ပန်းချီပုံလှလှတွေနဲ့နော်။
နောက်ပြီး ပရဟိတလုပ်သူတွေ ဖတ်ဖို့ ကာတွန်းဝိုင်းမော်ရဲ့လက်ရာ😍😍😍
စာပေ အတည်အတံ့တွေချည်းလား????
ဒီထက်ပိုပါတယ်😊😊😊
သင်္ခန်းစာယူစရာ ပြုံးစရာ တစ်ကွက်ကာတွန်း😘😘😘
သင့်စိတ်ထဲက သံသယတွေကိုရှင်းပေးမယ့်
ဓမ္မ အမေး အဖြေ ကဏ္ဍ။
သင် မဖတ်မိသေးတဲ့ အတုယူစရာ လိုက်နာစရာ
ဇာတ် ပုံဝတ္ထုတွေကိုလည်း ခေတ်နဲ့လျော်ညီစွာရေးဖွဲ့ထားတယ်။
မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေဖြစ်တဲ့ တုံးမောင်း, တံခွန်တိုင်အကြောင်းတွေကိုလည်း လေ့လာရလို့ ဗဟုဿုတရစေမယ်။
ဒီစာအုပ်က ဖတ်ပြီး စာအုပ်စဉ်မှာ ပစ်ထားရမလား။
No no no.
သင့်ရဲ့ တစ်နေ့တာလုပ်ငန်းစဉ်ကိုမှတ်လို့ရတယ်။
ပြက္ခဒိန်လည်းပါသေးတယ်။🥰🥰🥰
အမှတ်တရ ဒိုင်ယာရီရေးဖို့ပါလို့လို့ အမြဲသိမ်းထားလို့ရတယ်လေ။😊
အော သင့်ဘဝမှာ ရှောင်ရန် ဆောင်ရန်တွေကိုပါ
ဝေဒသုံးပုံကို လေ့လာပြီးတဲ့ ဆရာ ဝေလွင်က စေတနာနဲ့ထည့်ပေးထားသေးတယ်။
ကဲ ဘာလိုသေးလဲဗျာ😍😍😍
ဤစာအုပ်အတွင်းရှိမာတိကာများ
Comments
Post a Comment