Skip to main content

​နေရာ​​ေပြာင်းတဲ့ ဓူဝံကြယ်

နေရာပြာင်းတဲ့ ဓူဝံကြယ် 

         ဗန်းမော်ဆရာတော်ကြီးသည် မင်းတုန်းမင်းလက်ထက်က ထင်ရှားလှသော ဆရာတော်ကြီးဖြစ်ပြီး သင်္ဂဇာဆရာတော်၊ ရွှေကျင်ဆရာတော်၊ သက်ပန်းဆရာတော် တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ ဥပုသ်နေ့တစ်ရက်တွင် ဆရာတော်သည် ကျောင်းတွင် နားနေခိုက် လူရွယ်နှစ်ဦးရောက်လာ၏။ ဆရာတော်အား ရိုသေစွာ ရှိခိုးပြီးနောက်-
        “အရှင်ဘုရား-တပည့်တော်တို့ နှစ်ယောက်အား ဗုဒ္ဓရဲ့ စကြဝဠာအကြောင်း ဆွေးနွေးရင်းနဲ့ မြင်းမိုရ်တောင်အကြောင်း ဆွေးနွေးရာမှာ တပည့် တော်က မြင်းမိုရ်တောင်ဆိုတာ ခေါင်းပိတ်ကြီးပြောပေမဲ့ သူက ခေါင်းပွကြီးလို့ ဆိုပါတယ် ဘုရား။ ဒါကြောင့် ဘယ်သူက မှန်တယ် မှားတယ် ဆုံးဖြတ်ရအောင် ဆရာတော်ဆီ ရောက်လာတာပါရား။ ။ 
              လို့ လျှောက်တော့ ဆရာတော်က--- 
              “မင်းတို့နှစ်ယောက်က ဓူဝံကြယ်အကြောင်း ငြင်းခုန်တဲ့ မြေးအဘိုးလိုဖြစ် နေပြီ-  ရှေးတုန်းက ရွာတစ်ရွာမှာ မြေးအဘိုးနှစ်ယောက်ဟာ လသာသာ တစ်ညမှာ အိမ်ရှေ့ ကွပ်ပျစ်မှာထိုင်ရင်း မြေးက အဘိုးကို ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲ မေးတယ်။ ဒီတော့ အဘိုးက ငါ့မြေးရယ် အ,လိုက်တာ။ ဓူဝံကြယ်ဆိုတာ တောင်ဘက်မှာ လင်းနေ တဲ့ ကြယ်ကြီးပေါ့-လို့ဖြေလိုက်တော့---မြေးက “ဟာ-အဘ-ဒါဆို-ကျနော် ကြားဖူး တာနဲ့ လွဲနေပြီ-မြောက်မှာ ဓူဝံ၊ တောင်မှာ တံငါကျွန်လို့ပဲ ကြားဖူးတယ်ပြောတော့ အဘိုးက ဒု က္ခ ရောက်သွားတာပေါ့ -သူ ကလည်း ဓူဝံကြယ် သေသေချာချာမှ မသိတာပဲ- ယောင်ဝါးဝါးနဲ့ - ဒီတော့ မြေးရှေ့မှာ မှားကြောင်း ဝန်မခံချင်တာနဲ့ အရှက်ပြေ ပဲ-“အော်-ငါ့ မြေးက သေသေချာချာ မသိလို့ ပါ-မြောက် မှာ ဓူဝံကြယ်ဆိုတာ အရင်က ဟုတ်ပေမဲ့ အခုဓူဝံကြယ်က တောင်ဘက်ပြောင်းသွားပြီကွ ပြောင်းသွားတာလေးငါးရက်ပဲရှိသေးတယ်လို့ ခပ်တည်တည်ပြီးလိုက်တယ်ဆိုပါတော့” 
       “တင်ပါ့ ဘုရား”
       “နောက်ဘာဆက်ပြောသလဲဆိုတော့-ရှူးတိုးတိုးကွာ-သူများတွေကြားသွား မယ်-ဓူဝံကြယ်ပြောင်းသွားတာ ဘယ်သူမှ မသိသေးဘူ။ အဘိုတစ်ယောက်ပဲ သိတာ” လို့ နှုတ်ပိတ်လိုက်သတဲ့။
        အဘိုးဖြစ်သူက အတည်ပေါက်နှင့် ပြောလိုက်ခြင်းဖြစ်ပေသည်။ ဆရာတော် က ဆက်၍ ဒကာတို့-မင်းတို့ပြောတဲ့မြင်းမိုရ်တောင်ဟာ အခေါင်းကြီးလား၊ အပိတ်ကြီး လားဆိုတာ ဘယ်သူမှ သေသေချာချာ မသိဘူးမဟုတ်လား-သို့ သော်- “တောင်” ဆိုတာ အခေါင်းကြီးရယ်လို့ တော့မရှိဘ ဒကာတို့ ဒီတော့ ဒကာတို့ကို ဖြေရတာ ခက်တယ်။ အဘပြောသလိုပဲ-သူများတွေကြားသွားမယ်လို့ပဲ အဖြေပေးပါရစေ”                ဗန်းမော်ဆရာတော်ကြီး၏ တင်စားချက်ကား ကောင်းမွန် ရှင်းလင်းလှပေရ ကား လူငယ်နှစ်ဦးလည်း ကျေနပ်ကာ ကန်တော့၍ ပြန်သွားကြလေသည်။ 
                                                           သီရိချမ်းသာ 
                                            (ဗန်းမော်ဆရာတော်ပုံပြင်များမှ)
အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူ​ဖော်ပြထားပါသည်။
အ​​​ေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အ​​ေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။

Comments

တစ်ပတ်အတွင်းဖတ်ရှုမှု အများဆုံး ပိုစ့်များ

​ေမတ္တသုတ်​တော် ဝတ္ထုဖြစ်စဥ်

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၂)

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်       ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။      အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။        ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။          ထိုအခါ...