Skip to main content

ခါ​​ေနွသစ်စ---တ​ပေါင်းလ

ခါ​​​ေနွသစ်စ---တ​ပေါင်းလ
           လေပွေကလေးသည် လယ်ကွင်း ထဲမှ ထွက်လာပြီး တောစပ်တွင် ဟိုသည် ဝေ့ယမ်းနေလေသည်။ 
ထိုအခါ ဝါကျင် သော ရွက်ကြွေများသည် မြေပေါ်သို့ကြောက်လန့်တကြား ခုန်ချကြ၏။ လေပွေကလေးသည် အားရကျေနပ်အောင် မွှေနှောက်ပြီး ရွက်ကြွေများပေါ် တက်နင်း လိုက်သောအခါ ရွက်ကြွေကလေးများသည် အော်ဟစ် ညည်းညူရင်း ကျန်ရစ်ခဲ့ ကြသည်။ 
           နေ့ပူညချမ်း၊ တပေါင်းလကား ဆိုးသွမ်းစပြုလာပြီ။ တပေါင်းလကို မြန်မာမှု အရ မိန် ရာသီ ဟု ခေါ်သည်။ ထိုလတွင် မြန်မာနက္ခတ်များ ဥတ္တရ ဂုဏ္ဌနက္ခတ်ဖြစ်၏ ။ ယှဉ်သောတာရာကား ဆံကျင်တာရာဖြစ်ပြီး ရာသီရုပ်က ငါးနှစ် ကောင်ရုပ် ဖြစ်သည်။ ပန်းအဖြစ် ပိတောက် ပန်း၊ သရဖီပန်းတို့ ထင်ရှားသည်။ 
            ရှေးစာပေတို့တွင် တပေါင်းလကို “ထန်းပေါင်းသည် တပေါင်းလ ́ဟု ဆို သည် ။ တပေါင်းသည် “တပ’ ဟူသော ပုဒ်ပျက်မှ ဆင်းသက်လာသည်။
            တပသျှား၏ အဓိပ္ပာယ်မှာ ပူပန်ခြင်းကင်း သော လဟု ဝေါဟာရလီနတ္ထဒီပနီကျမ်း တွင် ဆိုသည်။ တပေါင်းမှ တကို “တန်း” ၏ ပုဒ်ပျက် “ထင်း”ဟု ပင်ဆိုသည်။ “ပေါင်း” ၏ အဓိပ္ပာယ်မှာ ပြုတ်ခြင်း၊ ချက်ခြင်း ဖြစ်သည်။ ထို့ ကြောင့် တပေါင်းလသည် ထန်းရည် ကို ထန်းလျက်ဖြစ်အောင် ကျိုချက်သော လဟု အဓိပ္ပာယ်ရပေသည်။ 
             တပေါင်းလ၏ ရာသီပွဲတော်မှာ သဲပုံစေတီပွဲတော်ဖြစ်သည်။ သဲများကို စုပုံ၍ စေတီအသွင်တည်ထားကာ ဗုဒ္ဓ မြတ်စွာရားအား ရည်မှန်းပူဇော်ကြ ခြင်းဖြစ်ပေသည်။ သဲပုံစေတီများသည် ဗုဒ္ဓ ဘာသာယဉ်ကျေးမှု ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ စတင် ထွန်းကားချိန်မှ စ၍ ယနေ့ချိန်ထိ ရှိနေသော ပွဲတော်ဟုယူဆရသည်။ မြန်မာနိုင်ငံတွင် ဆောင်းကုန်ဆုံးသည်နှင့် မြစ်များ၊ ချောင်းများသည် ရေစစ်ကာ သဲသောင် ခုံများ လှပစွာ ပေါ်ထွန်းလာတတ်သည်။တောင်သူဦးကြီးများနှင့် ကျေးလက်ပြည်သူ များသည် လယ်ယာလုပ်ငန်းများ အားလပ်နေချိန် ဖြစ်သဖြင့် သဲပုံစေတီပွဲတော်များကို ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြသည်။ 
           မြတ်စွာဘုရား သက်ရှိ ထင်ရှား ရှိစဉ်ကပင် သုဒ္ဓေါဒနမင်းကြီးသည် သူ၏ ကပိလ၀တ်နေပြည်တော်သို့ ဘုရားရှင်အဖူးမြော်ခံရန် ကာဠုဒါယီ အမတ်ကို ပင့်လျှောက်ရန် စေလွှတ်ခဲ့သည်။ အမတ်ကြီးက ဘုရားရှင်အား ကြွရောက်ပါရန် လျှောက်ထားသော နေ့ရက်သည် တပေါင်းလပြည့်နေ့ပင်ဖြစ်သည်။ အမတ်ကြီးသည် ကပိလဝတ်ပြည်သို့ ကြွရောက်မည့် ခရီးလမ်းတွင် တောတောင်ရေမြေ သာယာလှပ ပုံများကိုပါ ထည့်သွင်းလျှောက်ထားခဲ့သည်။ ထိုဖြစ်စဉ်ကို ရှင်အုန်းညို ဂါထာပျို့တွင် စပ်ဆိုထားသည်။
             သဲပုံစေတီများ ကျင်းပခဲ့ကြခြင်းဖြင့် လူမှုရေးစိတ်ဓာတ်၊ ယဉ်ကျေးမှုစိတ်ဓာတ် များ ပိုမိုဖွံ့ဖြိုးလာပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှုကို ဖြစ်စေမည် ၊ ဘာသာယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုး ခိုင်မာစေမည် ။ ဘာသာယဉ်ကျေးမှု အား ချစ်မြတ်နိုးသောစိတ်သည်သာလျှင် အခြားလူမျိုးတို့၏ ကိုးကွယ်မှုနှင့် ယဉ်ကျေးမှုတို့ လွှမ်းမိုးမှုမှ ကာကွယ်နိုင်ပေလိမ့်မည်။ ထို့ ကြောင့် ဘာသာယဉ်ကျေးမှုပွဲ များ ကျင်းပခြင်းဖြင့် ယဉ်ကျေးသော မြန်မာ့လူ့ဘောင် အဖွဲ့ အစည်းကို ပိုမိုသိမ်မွေ့ ယဉ်ကျေးသော လူမျိုးအဖြစ်သို့ ရောက်ရှိစေမည်ဖြစ်သည်။   ။ 
                                            အောင်ထက် (ကျောက်မြောင်း)

ထို့ကြောင့် တပေါင်းလ၌ ဘုရားပွဲတော်များ၊ သဲပုံ စေတီများ တည်ထား ကိုးကွယ်ခြင်းဖြင့် ရိုးရာဓလေ့ အမွေအနှစ်များကို ခိုင်ခံတည်တံ့အောင် ထိန်းသိမ်းစောင့် ရှောက်ခြင်းသည် အမျိုးသား တာဝန်တစ်ရပ် ဖြစ်သည်ဟု နှိုးဆော်အပ်ပါသည်။
အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူ​ဖော်ပြထားပါသည်။

အ​​​ေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အ​​ေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။



Comments

တစ်ပတ်အတွင်းဖတ်ရှုမှု အများဆုံး ပိုစ့်များ

​ေမတ္တသုတ်​တော် ဝတ္ထုဖြစ်စဥ်

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၂)

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်       ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။      အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။        ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။          ထိုအခါ...