Skip to main content

Posts

Showing posts from 2020

အာဋာနဋိယသုတ်​တော် ဝတ္ထု​တော်ဖြစ်စဥ်

     အာဋာနဋိယသုတ်​တော်ဝတ္ထုဖြစ်စဥ်        လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅  ရာဇဂြိုလ်ပြည်ကြီး၏အနီး  ဂိ္စ်ဇျကုဋ်​တောင်တွင် မြတ်စွာဘုရားရှင် သီတင်းုံး​နေ​တော်မူစဥ် တစ်ည​သော သန်း​​ခေါင်ယံ၌ မြင်းမိုရ်​တောင်၏ ​​ေြမာက်ဘက်အရပ်ရှိ နတ်ဘီလူး စစ်သည် ကု​ဋေတစ်သိန်းတို့ကို အုပ်စိုး​သော ကု​ဝေရနတ်မင်း၊ အ​​ေရှ့ဘက်အရပ်ရှိ ဂန္ဓဗ္ဗ စစ်သညွ ကု​ဋေ တစ်သိန်းတို့ကို အုပ်စိုး​​သော ဝိရူပက္ခနတ်မင်း အစရှိသည့် နတ်မင်း အ​ပေါင်းတို့သည် မိမိတို့၏ ​ေြခွရံ ​​​ေကျးကျွန်၊ ပရိသတ်များနှင့်အတူ ညသန်း​ခေါင်ယံ အချိန်၌ မြတ်စွာဘုရားရှင်အား လာ​ရောက်ဖူး​​ေမြာ်ကြ​လေသည်။      ထိုစတုမဟာရာဇ်နတ်မင်းကြီး​လေးပါးတို့သည် မြတ်စွာ ဘုရားရှင်ကို ဖူး​​ေြမာ် ကြပြီး​နောက် ကု​ဝေရ(​ဝေဿဝဏ်) နတ်မင်းကြီးက ဦး​ဆောင်၍ ​ေလျှာက်ထားသည်မှာ လူ​လောက၌ လူ​ကောင်လူဆိုးအမျိုးမျိုးရှိသကဲ့သို့ နတ်လောက, ဘီလူး လောက၌လည်း အကောင်း, အဆိုး နှစ်မျိုးရှိကြ ပါသည်။       ဘုန်းတော်ကြီးမားသော မြတ်စွာဘုရား။                       များစွာသော နတ်ဘီလူး အပေါင်းတို့တွင် အချို့သော နတ်ဘီလူးတို့သည် ညစ်ညူးသော ဉာဏ်အမြင်ဖြင့် မြတ်ဘုရ

​မေတ္တသုတ် ပါဠိ​တော်

 ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

​ေမတ္တသုတ်​တော် ဝတ္ထုဖြစ်စဥ်

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

မင်္ဂလသုတ်ပါဠိ​တော်

                                      မင်္ဂလသုတ်  ၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊        စိန္တယိသု သဒေ၀ကာ။       သောတ္ထာနံ နာဓိဂစ္ဆန္တိ၊        အဋ္ဌတ္တိသဉ္စ မင်္ဂလံ။ ၂။ ဒေသိတံ ဒေ၀ဒေဝေန၊         သဗ္ဗပါပဝိနာသနံ ။         သဗ္ဗလောကဟိတတ္ထာယ၊         မင်္ဂလံ တံ ဘဏာမ ဟေ။  ၃။ ဧဝံ မေသုတံ -       ဧကံ သမယံ ဘဂဝါ     သာဝတ္ထိယံ ဝိဟရတိ     ဇေတ၀နေ အနာထပိဏ္ဍိကဿ      အာရာမေ။     အထ ​ခေါ အညတရာ ​ဒေဝတာ။     အဘိက္ကန္တာယ ရတ္တိယာ      အဘိက္ကန္တဝဏ္ဏ ကေ၀လကပ္ပံ ဇေတ၀နံ      ဩ ဘာသေတွာ     ယေန ဘဂဝါ, တေနုပသင်္ကမိ၊     ဥပသင်္ကမိတွာ, ဘဂဝန္တံ     အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။     ဧကမန္တံ ဌိတာ ခေါ သာ ဒေဝတာ၊     ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။ ၄။ ဗဟူ ဒေဝါ မနု ဿာ စ၊      မင်္ဂလာနိ အစိန္တယုံ။      အာကင်္ခမာနာ သောတ္ထာနံ၊     ဗြူဟိ မင်္ဂလ မုတ္တမံ။ ၅။ အသေဝနာ စ ဗာလာနံ၊       ပဏ္ဍိတာနဉ္စ သေ၀နာ။      ပူဇာ စ ပူဇ​နေယျာနံ၊      ဧတံ မင်္ဂလ' မုတ္တမံ။ ၆။ ပတိရူပဒေသဝါသော စ၊        ပုဗ္ဗေ စ ကတပုညတာ။      အတ္တ သမ္မာပဏိဓိ စ၊      ဧတံ မင်္ဂလ” မုတ္တမံ။  ၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊       ဝိနယော စ သုသိက္ခိတော။     သုဘာသိတာ စ ယာ ၀ါစာ၊      ဧတံ မင်္ဂလ မုတ္တမံ။ 

မင်္ဂလသုတ်​တော် ဝတ္ထုဖြစ်စဥ်

           မင်္ဂလသုတ်တော် ဝတ္ထုဖြစ်စဉ်             ဘုန်းတော်ကြီးတော်မူသော ​ဂေါတမမြတ်စွာဘုရားသည် အနာထပိဏ်သူဌေး ဆေက်လုပ်လှူဒါန်းသော ဇေတဝန် ကျောင်းတော်မှာ စံနေခိုက် လူ့လောကတွင် သတ္တဝါတို့ ကြီးပွားကြောင်းတ 'မင်္ဂလာ' ၏ ဝေါဟာရနှင့် ပတ်သက်၍ ဝိဝါဒကွဲပြား မှုများ ဖြစ်ပေါ်ခဲ့သည်။             ကောင်းတာ မြင်ရတာ 'မင်္ဂလာ' ကောင်းတာ ကြားရတာ 'မင်္ဂလာ'၊ ကောင်းတာနှင့် ထိတွေ့ရတာ “မင်္ဂလာ” ဟူ၍ အငြင်းပွားရာမှ အုပ်စုကြီး (၃)စု ဖြစ်ပေါ်ခဲ့ပြီး ထိုအုပ်စု (၃)စုသည် ကိုယ့်အယူမှန် သည်၊ သူ့အယူမှန်သည်ဟု တစ်ဖက်နှင့်တစ်ဖက် စင်မြင့် ဆောက်၍ ရက်ရှည် လများ ဟောကြား ရာမှာ လူတွင်မက ကိုယ့်စောင့်နတ်ချင်းပင်လျှင် ငြင်းခုံကြ လေ၏။               ယင်းပြဿနာသည် ဘုမ္မစိုးနတ်, ရုက္ခစိုးနတ် များမှ တစ်ဆင့် အာလိန်ငါးဆင့်ကို ကျော်ကာ တာဝတိံသာ နတ်သဘင်ထိ အုပ်စုဖွဲ့ကာ ငြင်းခုံပွဲ ကူးစက်လာပြီးနောက် မည်သူမှန်သည်။ မည်သူမှားသည်ကို အဆုံးအဖြတ်ပေးပါရန် သိကြားမင်းထံ ဝင်၍ အဆုံးအဖြတ်ခံယူကြသည်။                 ဤတွင် သိကြားမင်းက ဤမင်္ဂလာကိစ္စသည် ကျယ်ဝန်း နက်နဲလှသည်၊ ထို့ကြောင့် လူ့ပြည်တွင် ထင်ရှား ပွင့်တော်မူ နေသော ဂေါတမမြတ်စွာဘုရာ

သားနှစ်​ယောက်နှင့် ဘီလူးမ ပြိတ္တာ

          သားနှစ်​ယောက်နှင့် ဘီလူးမပြိတ္တာ                                                                             ဝေလွင်မြင့်မောင်              ရှေးအခါကဖြစ်သည်။ သားငယ်နှစ်ယောက်ရှိသော ဘီလူးမပြိတ္တာ နံနက်မိုးလင်းသည်နှင့် ဆာလောင်မွတ်သိပ်မှုဖြစ်ကာ အစာရှာထွက်လျှင် ကောင်းမ ဟု ကြံစည်ကာ အစာရှာထွက်လာလေသည်။ သားငယ်ဘီလူး ကလေး နှစ်ယောက် လည်း ပါလာသည်။ အစာရေစာကလည်း မြို့ထဲတွင်ပင် ပေါပေါများများ ရနိုင်ပေရာ ဘီလူးမပြိတ္တာသည် သားငယ်များကို အနုရာဓမြို့တော် အနီးရှိ ထူပါရုံ စေတီတော် ကြီး၏ မုခ်ဝတွင် ခဏနေရစ်တော့ဟု ပြောကာ သူမက မြို့တွင်းသို့ ဝင်ရောက်လာ လေသည်။                                    သားငယ် နှစ်ယောက် သည် မိခင် ကို စောင့်မျှော်ရင်း မုခ်ဝတွင်နေစဉ် မြို့တွင်းသို့ ဆွမ်းခံကြွ လာသော ရဟန်းတော်တစ်ပါးကို မြင်လိုက်ရလေ သည်။                   ဘီလူးသားငယ်များသည် မိခင်မြို့တွင်းသို့ ဝင်သွားချိန်ကြန့်ကြာနေသဖြင့် နဂိုကပင် ဆာလောင် မွတ်သိပ်နေရကား စိတ်မရှည်ဟန်ဖြင့်                     “အရှင်ဘုရား-တပည့်တော်တို့ရဲ့ မိခင်ဟာ မြို့ထဲဝင်ပြီး အစာရှာသွားတာ ခုထိ မလာသေးပါ။ တပည့်တော်တို့လည်း ဆာလောင်လှပါပြီ။ ရသမျှ အစာကို ယူပြ

သစ္စာတန်ခိုး

                              သစ္စာတန်ခိုး         အခ​ျိန်ကား ပုဂံ​ခေတ်ဖြစ်သည်။ ပုဂံပြည်ကို တရုတ်​​ေပြး မင်း ​ခေါ် နရသီဟပ​တေ့မင်းအုပ်ချုပ်စဥ်က ရှင်ဘုရင်သည် အမျက်​စောင် မာန်မာနကြီးခြင်း၊ ဆင်ခြင်တုံတရား နည်းပါး ြခင်းတို့​​​ေကြာင့် ပြည်သူတို့ ​​ေကြာက်ရွံ့ကြသည်။         တစ်နေ့သောအခါ နေပြည်တော်တွင် ရေသဘင်ပွဲတော် ကျင်းပသည်။ ထိုအခါ ရှင်ဘုရင်က မိဖုရားစောလုံကို ကျီစယ်သော သဘောဖြင့် မောင်းမငယ် တစ်ယောက် ကို တစ်ကိုယ်လုံး ရေစိုရွှဲအောင် လောင်းခိုင်းစေသည်။ မိဖုရားစောလုံသည် စိတ်ဆတ်သည်။ အငြိုးအတေးကြီးတတ်သည်။ သူမကို မောင်းမငယ်က ရေရွှဲအောင်လောင်းလိုက်သဖြင့် အရှက်ရကာ ရှင်ဘုရင်ကို လက်စားချေရန် အခွင့်အခါကို စောင့်နေပေသည်။ တစ်နေ့တော့ အခွင့်အခါက ကြုံလေပြီ။ မင်းကြီး စားတော်ခေါ်ရာတွင် အဆိပ်ခတ်လိုက်၏။ မင်းကြီးက စားတော် ခေါ်ရန် ပြင်ဆင်နေစဉ် ခုံအောက်က ခွေးက ရုတ်တရက်ချေဆတ်၏။ ထို့ကြောင့် မင်းကြီးက နိမိတ်မကောင်းဟု ယူဆကာ ချက်ချင်း မစားပဲ ဟင်းဖတ်ကို ခွေးအား ချကျွေးသည်။ ခွေးသည် ဟင်းဖတ်ကို စားပြီး ရုတ်တရက် သေလေတော့ သည်။             ထိုအခြင်းအရာကို စစ်မေးသော် မိဖုရားစောလုံသည် မငြင်းကွယ်ပဲ 'ဟယ် ပန်း ပွတ်သည်မြေး၊ နင်-ငါ

ဗုဒ္ဓ၏ ၃၂ ပါး​သော လက္ခဏာ​တော်ကြီးများမှ ထင်ရှား​သော....

ဗုဒ္ဓ၏ ၃၂ ပါး​သော လက္ခဏာ​တော်ကြီးများမှ ထင်ရှား​သော ဥဏ္ဏလုံး​ွေးရှင်​တော်၊ ဆံ​​တော်နှင့်           နဖူးသင်းကျစ်​တော်     ဥဏ္ဏလုံး​​​ေမွးရှင်​တော်မှာ 'ဥဏ္ဏ​လောမ'ကို မြန်မာမှုပြုထားြခင်းဖြစ်သည်။ထို ​​ေမွးရှင်တော်မှာ မျက်ခုံးတော်နှစ်ဖက် အလယ်ဗဟိုဝယ် ​ပေါက်လျက်ရှိပြီး အထက်သို့ တက်ကာ နဖူးပြင်တော်အလယ်တွင် ဝါဂွမ်းဖြူအနုကဲ့သို့ တင့်တယ်လျက် တည်ရှိနေခြင်းပင် တည်း။ ထိုဥဏ္ဏလုံကို ဆွဲဆန့်လိုက်လျှင် လက်​မောင်းတစ်ဝက်မျှပမာဏအရှည်ရှိကာ လက်မှလွှတ်လိုက်မည်ဆိုပါက လက်ျာရစ် လည်၍လုံးဝန်းသွားပြီးနောက် အထက်ဘက်သို့ အဖျားလှည့်တည်ပြီး ရှိနေသောကြောင့် အသက်ရှင်​နေဘိသကဲ့သို့ ထင်မှတ်ရသည်။ ရွှေအဆင်းသဏ္ဌာန် နဖူးပြင်တွင် တည်နေရကား နံနက်အရုဏ်ဦးမိုးသောက်ယံတွင် ထွက်ပေါ်လာသော သောကြာကြယ်ကြီး ကဲ့သို့ တင့်တယ်တော်မူလှပါပေသည်။     ဆံတော်တို့မှာ ညို​မောင်းသည့်အဆင်းရှိကုန်သည်။ထို့ပြင် သိမ်​​​ေမွ့နူးညံပြီး ညက်​ညောလှ၏။ဆံ​တော်များသည် တစ်ပင်နှင့် တစ်ပင် မရောယှက် ကြပေ။ ရှုပ်ထွေးခြင်းလည်း မဖြစ်။ အနိမ့်အမြင့် အတိုအရှည်ညီမျှကြ၏။ ထို့အတူ မစေးထန်း နူးညံ့ လှ၏။ ဆံတော်တို့ကား လက်ျာရစ်လည်ကာ တည်ရှိ နေကြပေသည်တကား။       နဖူးသစ်ကျစ်တော်မှာ

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၂)

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၁)

အံ့ဖွယ်​ေြခရာ​တော်     အံ့ဖွယ် ခြေတော်ရာ မြတ်စွာဘုရားရှင်သည် ဒေသစာရီကြွတော်မူခြင်း၊ ဆွမ်းခံကြွခြင်း၊ စင်္ကြံကြွ​တော်မူခြင်းတို့တွင် မည်သည့်အခါ၌မဆို မြေတွင် ခြေတော်ရာမထင်ဟု ကျမ်းဂန်များတွင် ဖွင့်ဆိုထားသည်။ အကယ်၍ ခြေတော်ရာ ထင်လျှင်လည်း ချက်ချင်းပြင် ကွယ်ပျောက်သွားရပေသည်။ မြတ်စွာဘုရားရှင်သည် တစ်စုံတစ်ယောက် မြင်စေတော်မူ လိုသောအခါမှသာလျှင် “ဤသူသည် ခြေတော်ရာကို မြင်စေ သတည်း” ဟု အဓိဋ္ဌာန်သောအခါ ခြေတော်ရာထင် ကျန်ရစ်သည်။  အဘယ့်ကြောင့် မြေတွင် မြတ်စွာဘုရားရှင်၏ ခြေတော်ရာမထင်သနည်း။  ၁။ နူးညံ့သိမ်မွေ့သောကြောင့်၎င်း၊  ၂။ ခွန်အားဗလကြီးမားလှသောကြောင့်၎င်း၊  ၃။ လူအများအား ငဲ့ညှာသနားတော်မူသောကြောင့်၎င်း၊                       ခြေတော်ရာမထင်ကြောင်း အင်္ဂုတ္တရအဋ္ဌကထာ၊ ဒေါဏသုတ်အဖွင့်တွင် ပြဆိုထားသည်။  (၁)          မြတ်စွာဘုရား၏ ကိုယ်ခန္ဓာတော်သည် နူးညံ့ သိမ်မွေ့သောကြောင့် ဘုရား ခြေချရာအရပ်သည် ဝါဂွမ်းလေးများ ထိသကဲ့သို့ဖြစ်ပြီး ခြေတော်ရာ မထင်ပေ။ (၂)           သိဒ္ဓေါမြင်းပျံသည် ပဒုမ္မာကြာရွက်ပေါ်၌ နှင်းဖြတ်၍ သွားသော်လည်း ခြေရာမထင် နင်းကာမတ္တဖြစ်သကဲ့သို့ မြတ်စွာ ဘုရားရှင်သည် အားတော်ဆယ်ပါးနှင့် ပြည့်စုံသောကြောင

မြတ်ဗုဒ္ဓ၏ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာ​တော်

မြတ်ဗုဒ္ဓ၏ တစ်ရာ့ရှစ်ကွက် စက်                     လက္ခဏာ​တော်                          ဗုဒ္ဓ၏ ​​ေခြဖဝါး​တော် နှစ်ဖက်စလုံးတွင် တစ်​ထောင်​သော အကန့်အသတ်များပုံ​တောင်းများသည် ၁၀၈ ကွက်​သော စက်လက္ခဏာ​တော်များမှာ ကား ၁။ လှံမ                                  ၆၆။ ​ေရွှသံလျင်း ၂။ ကျက်သ​ရေတိုက်            ၆၇။ သားမြီးယပ် ၃။ ဇလပ်ပန်း                         ၆၈။ ​ကေလသ​​ေငွ​တောင် ၄။ လည်​ရေးသုံးရစ်              ၆၉။ ခြ​​ေ​​င်္သ့မင်း ၅။ ဦး​ဆောက်ပန်း                 ၇၀။ ကျားမင်း ၆။ ထမင်းပွဲ                           ၇၁။ ဝလာဟကမြင်း မင်း ၇။ ​​ေရွှသလွန်ပွဲ                      ၇၂။ ဆဒ္ဒန်မင်း ၈။ ချွန်း​တောက်                     ၇၃။ နဂါးမင်း ၉။ ပြဿဒ်                             ၇၄။ ​ေရွှဟင်္သာမင်း ၁၀။ တံခါးတိုင်                       ၇၅။ နွားမင်း ၁၁။ ထီးဖြူ                            ၇၆။ ဧရာဝဏ်ဆင်မင်း ၁၂။ သန်လျက်                       ၇၇။ ​ေရွှမကရ်း ၁၃။ ထန်းရွက်ယင်                  ၇၈။ ​ေရွှ​​ေလှ ၁၄။ ဥ​ဒေါင်းမြီးစည်းယပ်       ၇၉။ ဗြဟ္မာမင်း ၁၅။ သင်းကျစ်​တော်               ၈၀။ သားနှင့် တကွ​သော              

မိုး​ရေ​​ေဖွး​ေဖွး အ​​ေတွးပန်းချီ

မိုး​ရေ​​ေဖွး​ေဖွး အ​​ေတွးပန်းချီ   ရွက်ဝါကြွေနွေစရိုက်ရယ်က ထွက်ခွာလေအဝိုက်မှာဖြင့် ​​ေစွလိုက်တဲ့မိုးပွင့်​ဝေ။  မုတ်သုံအဖွင့်မှာဖြင့်  ရုပ်စုံတင့် တိမ်အသွယ်သွယ်က မှိန်လွင့်ပြယ်တောင်ဆီ ရွေ့ရှာတော့  ဝတိ အမြင့်နယ်မှောင်​ရီ​ေငွ့ကိုလ  ဆောင်ချီပွေ့ မိုးသက်လေ။ ဝသန်အခါရယ်မို့  ညံစာစာမိုးပေါက်တွေက လျှံဖြာဖြာ ထိုးဖောက်လာတော့ စိုးကြောက်လို့ မနွဲ့သာဘု  ဖြိုးမောက်လျှံ စပါးအထွက်တိုးဖို့  အများအကျိုး ရည်မှန်းနေ  ပြည့်ဝမ်းစာ ရှာဖွေ လယ်မြေတွင်း။  ကိုးရပ်နယ်တစ်ခွင်  ပြိုးလျှပ်နွယ်ဆင်ပါလို့  မိုးမပြတ်​​ေစွရွာတော့  လုပ်ငန်းသာလယ်ပြင်အဝေးက  အဟုတ်လွမ်းစရာသံသာတေးကြောင့် အတွေးပန်းချီရေးသီမွေ့တယ် ချမ်းမြေ့ရှုခင်း။ ။          အင်ကြင်း​မေ   <<ဘုရားပဲွ​တော်                                              လူ့အန္ဓ>> လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

လူ့အန္ဓ

    လူ့အန္ဓ    တရား သိပေမယ့်  တရားမရှိရင်ဖြင့်  သတိမယှဉ်ဂူမမြင်။  ဆန္ဒကကောင်းကင်  ဘဝအသွင်မြေသား။ မတူတဲ့ အကြောင်းနှစ်ရပ်ကိုလ  ပေါင်းစပ်ဖို့​​ေရှ့ရှု ကရုမဲ့ သတိပြယ်။  ငြိတွယ်လာ ​မောဟကြိုးကြောင့်  စိုးစိတ်တွေထွေးရှုပ်လိမ်ပါလို့  သောကအိမ်အမှောင်တိုက်မှာ  လောင်မြိုက်ခါ နောင်တတစ်သင်းရယ်နဲ့  (​​ေ ြသာ်-)  ပြင်းသက်ပူ-။                                                      စိုးတင့်ထူး(မအူပင်)   <<မိုး​ရေ​​ေဖွး​ေဖွး  အ ​ေတွးပန်းချီ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ဘုရားပဲွ​တော်

ဘုရားပဲွ​တော်    ချူသံက​လေး တချွင်ချွင် ကကြိုးတန်ဆာဆင်။ လှည်းယဥ်က​လေး တ​​​ေကြာ့​​ေကြာ့ နွားကြန် စုံနဲ့​ပေါ့။ ​သော့​သော့က​လေး အ​​ေပြးနှင် ဘုရားပွဲသို့ဝင်။ ဇာတ်စဥ်​ပေါ်မှာ ဆိုင်းဝိုင်းကြီး ပတ်မမြည်သံဟည်း။ ပွဲ​​ေစျးတန်းကြီး စည်လိုက်တာ တစ်နယ်လုံးကလာ။ ရုပ်​သေးပဲွမှာ လူကြည့်များ ကြိုးဆဲွလက်မနား။ ဘုရားပဲွ​တော် ကျင်းပ​သော် နှစ်စဥ်နှစ်တိုင်း​နော်။ ​စေတီ​တော်ကား သပ္ပါယ်လှ ပန်းလှူဆီမီးထွန်းညှိကြ။ သားတို့တစ်​​ေတွ ကန်​တော့ဦးချ။  ။                                                             မင်းနီခိုင်(​မောင်​တော) <<ခန္ဓာနာမ်ရုပ် ထိုဝန်ထုပ်       မိုး​ရေ​​ေဖွ​း​​ေဖွ အ​​ေတွးပန်းချီ>> လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ခန္ဓာနာမ်ရုပ်ထိုဝန်ထုပ်

ခန္ဓာနာမ်ရုပ်ထိုဝန်ထုပ်  ဦးခေါင်းထက်တွင်၊ ရွက်၍ တင်သည်  လေးပင်လှသည့် ထိုဝန်ထုပ်။  ပခုံးထက်တွင်၊ ထမ်း၍တင်သည်  လေးပင်လှသည့် ထိုဝန်ထုပ်။  ကျောကုန်းထက်တွင်၊ ပိုး၍တင်သည်   လေးပင်လှသည့် ထိုဝန်ထုပ်။  ဝန်ထုပ်များစွာ  လေးလံပါဘိ၊ ကိုယ်​ပေါ်ပိလည်း  ကြီးလည်း ဝန်ထုပ်၊ အကျွန်ုပ်တို့ ၊  ဖြုတ်ခနဲချ၊၊ နားခွင့်ရက  ဝန်မှ ကင်းလွတ်နိုင်ခဲ့ပြီ။ ခန္ဓာနာမ်ရုပ်၊ ထိုဝန်ထုပ်လျှင်  အထုပ်တကာ၊ အလေးဆုံးပါတည့်  သိသာသိလည်း၊ ထမ်းပိုးမြဲပင်  ရှောင်လွှဲမရ၊ နားမရနှင့်  ခန္ဓာဝန်လေး လှသည်။  ငါးပါးခန္ဓာ၊ ရရှိလာက  ခန္ဓာခိုင်းရာ၊ လုပ်ရပါလည်း  အိုနာသေရေး၊ ကြောက်ဖွယ်ဘေးကို  ရှောင်ပြေးမရ၊ လွှဲမရနှင့် ၊  ဒုက္ခမျိုးစုံ ကြုံခဲ့ပြီ။  ခန္ဓာဘေးက ကြီးလှသည်။ ။  မောင်မောင်မိုးအောင် (စာပေဗိမာန်စာမူဆုရ )   << တန်ရုံ​လေးရွာလိုက်​ပါ့                           ဘုရားပဲွ​တော်>> လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ရတနသုတ်ပါဠိ​တော်

   ရတနသုတ်       ၁။     ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ  ဒသ ပါရမိယော, ဒသ ဥပပါရမိယော ဒသ ပရမတ္ထပါရမိယောတိ သမတ္တိံသ  ပါရမိယော, ပဉ္စ မဟာပရိစ္စာဂေ လောကတ္ထစရိယံ ဉာတတ္ထစရိယံ  ဗုဒ္ဓတ္ထစရိယန္တိ တိဿာ စရိယာယော  ပစ္ဆိမဘဝေ ဂဗ္ဗေက္ကန္တိ ံ ဇာတိ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရဝိဇယံ သဗ္ဗညုတညာဏပ္ပဋိဝေဓ  ဓမ္မစက္ကပ္ပဝတ္တနံ၊ န၀ လောကုတ္တရဓမ္မတိ  သဗ္ဗပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယာ တီသု ပါကာရန္တရေသု  တိယာမရတ္တိ ပရိတ္တံ ကရောန္တာ   အာယသ္မာ အာနန္ဒထွေရော ဝိယ  ကာရုညစိတ္တံ ဥပဋ္ဌပေတွာ  ၂။    ကာဋီသတသဟဿသု၊ စက္ကဝါဠသု ဒေ၀တာ။  ယဿာ”ဏံ ပဋိဂ္ဂဏှန္တိ၊  ယဉ္စ ဝေသာလိယာ ပုရေ။  ၃။     ရောဂါမနုဿ ဒုဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ။  ခိပ္ပ မန္တရဓာပေသိ၊  ပရိတ္တံ တံ ဘဏာမ ဟေ။   ၄။      ယာနီဓ ဘူတာနိ သမာဂတာနိ၊  ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။  သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု။  အထာပိ သက္ကစ္စ သုဏန္တ၊ ဘာသိတံ။  ၅။    တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ  မေတ္တံ ကရောထ မာနုသိယာ ပဇာယ။  ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ ၊  တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။   ၆။      ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊  သတ္တေသု ဝါ ယံ ရတနံ ပဏီတံ။  န နော သမံ အတ္ထိ တထာဂတေန၊  ဣဒမ္ပိ ဗုဒ္

တန်ရုံ​လေရွာလိုက်ပါ့

တန်ရူံ​လေ ရွာလိုက်ပါ့   ​​တောင်ဆီမှာ မိှုင်းလဲ့လဲ့ ဆိုင်းတွဲ့တဲွ့​ေ၀ရီ သိုင်းချဲ့ချဲ့​​​ေပွလီ ​လေချီချီ​ေ၀့​​ေပြး တိမ်ပြာမှုိင်း အက်​​ေကြာင်းထင် ထက်​ကောင်းကင် လျှပ်ပြက်သံ​ပေး ဝိုးကထဲ ၀င်း၀င်းဝါ လင်းလင်းဖြာ လက်​​ေဖွး ပြင်းပြင်းစွာ အချက်​ပေး ြမည်​​​ေကျွးလိူ့ တုန်ခါ ကျဆင်းရာ ​ရေမြားတို့ ​​​ေငွအလား ထင်ရ​ပေတာ။ ​ဝေါခနဲ ​​​ေစွရွာ ​လေနှင်ကာ မိုး​​ေတွသည်း ဖြိုး​​ေစွဆဲ စိပ်စိပ်​​ေစွ​​ေစွ တိတ်တိတ်နိုင်​ပေ။ မိုးနတ်မင်း အမ္ဗုန်​ရေ တန်ရုံ​လေ ရွာလိုက်ပါ့​လေး။                                                                     သူရ​ဇော် << နှစ်ကိုယ်​​​ေတွ့မှ ရွာပါမိုး              ခန္ဓာနာမ်ရုပ် ထို၀န်ထုပ်>>

နှစ်ကိုယ်​​ေတွ့မှ ရွာပါမိုး

နှစ်ကိုယ် ေတွ့မှ ရွာပါမိုး   အမ္ဗုန္ဓ္ဝဠာဟရယ်က၊ အာဏာပြပြင်းထန်  ငါသာပတင်းပြန်တယ်၊ မင်းဆန်တဲ့​​​ေရွှမိုး  ကိုးခွင်ပိတ်ပြာမှုန်တယ်၊  ရာဇဂုဏ် ြခိမ်းသံနှင့်ကြိုး  မကြည်သူ့တစ်ကိုယ်​ရေကို၊          အို-​သေ​စေမူပျိုး               ဆို​ေ​လ​လေသူတိုးလို့         ဆိုးပါနဲ့ နတ်​​ေဆွ။                         မစုံသူ​ဖော်နဲ့​ေ၀းခိုက်မို့၊            ​​​ေြမှာ်​​ေတွးလို့ ဆိုင်းငံပါ​လေ။                    ပန်းသတဲ့သည်​ညောင်​​ေတွမှာ၊                   ခင်​မောင်​မေ နှစ်ကိုယ်​​​ေတွ့ခါမှ                ပိုသ​ွေ့ရက်ပြန်တစ်ရာ၊ ချုန်းသွန်လို့ရွာ                           မုန်းပါဘု မိုးဝဠာရယ်                       ကိုးကမ္ဘာ​​​ေစွဦး​တော့​လေး။                                                                   စ​လေဦးပုည တန်ရုံ​လေးရွာလိုက်ပါ့ (ကဗျာ) >>

တ​ပေါင်းလ

      တ​ပေါင်းလ     တ​ပေါင်းလပြည့်​နေ့ကို မြတ်စွာဘုရား ပြည်​တော်ဝင် အခါ​တော်​နေ့ အဖြစ် သတ်မှတ်ကြကုန်၏။ ထို​နေ့တွင် ကာဠုဒါယီမ​ထေရ်မှ ဘုရားရှင်အား ကပိလဝတ်​နေပြည်​တော်သို့ ကြွ​ရောက်​တော်မူရန် ​​ေလျှာက်ထားသည်ကို အ​​ေကြာင်းပြု၍ သတ်မှတ်ခြင်း ဖြစ်၏။     ြမတ်စွာဘုရားသည် ရာဇဂြိုလ် ​ဝေဠုဝန်​​ေကျာင်း၌ သီတင်းသုံး​နေစဥ် အင်္ဂတုိင်းနှင့် မဂဓတုိင်းသားတုိ့အား တရား​ရေ​အေး အမြိုက်​ဆေးတုိက်​​ေကျွးလျက် ဥရု​ဝေလ ကဿပ ညီ​နောင်သုံး                                                   ဦးနှင့် ​နောက်ပါ ရ​သေ့တစ်ထောင်                                           တို့ကို ဧဟိဘိက္ခု ရဟန္တာများဖြစ်                                           ​စေကာ သာသနာ့​ဘောင်                                           သို့သွတ်သွင်းခဲ့၏။ ြမတ်စွာဘုရား၏ ခမည်း​​တော် သု​ဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားနှင့် ပတ်သက်​သော သတင်းများကို အမြဲ စုံစမ်း​နေ၏။ မြတ်စွာဘုရားရှင်၏ ကြည်ညိုဖွယ် ဝမ်းသားဖွယ် သတင်းများကို ကြားရ​သောအခါ သား​တော်ဘုရားကိုဖူး​ ​​​​​ ​ေတွ့လိုစိတ်များ ဖြစ်​ပေါ်လာ​လေ၏။ ထို့​ေကြာင့် သု​ဒ္ဓေါဒနမင်းကြီးသည် အမတ်တစ်ဦးကို အခြံအရံတစ်​ထောင်မျှြဖင့်

ကံ့​ကော်ပန်း

               ကံ့​ကော်ပန် း              တန်ခူးလ၏ အထိမ်းအမှတ်ပန်းသည် ကံ့ကော်ပန်းဖြစ်၏။ ကံ့ကော် (Gangaw) ၏ရုက္ခ​ဗေဒအမည်မှာMesua Ferreaြဖစ်၏။ မျိုးရင်းမှာ Calophyllaceae ဖြစ်၏။                ကံ့ကော်သည် မူလဖြစ်ထွန်းရာ အထက်မြန်မာနိုင်ငံနှင့် တနင်္သာရီနယ်တို့တွင် အမြင့်ပေ-၈ဝ၊ လုံးပတ် ဆယ်ပေထိရှိသော အရိပ်အာဝါသကောင်းသည့် သစ်ပင် မျိုးဖြစ်သည်။ အမြဲစိမ်းပင်ကြီးမျိုးဖြစ်၏ ။ ပင်စည်ဖြောင့်မတ်၍ အခေါက်ကြမ်းသည်။ အကိုင်းအခက်များစွာ ဖြာထွက်သည်။               အရွက်သည် ရှည်မျောမျောပုံ ဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းဝိုင်း သို့မဟုတ် ချွန်သည်။ နုသောအခါ နီ၍ ရင့်သောအခါ စိမ်းလျက် ကျောက်တွင် အဖြူရောင်အမှုန်ကလေးများရှိသည်။ ရွက်ကြောများ နီးကပ်၍ ထင်ရှားသည်။ အပွင့်သည် တစ်ပွင့်တည်း (သို့မဟုတ်) စုပွင့်သည်။ အချင်းတစ်လက်မမှ သုံးလက်မအထိရှိပြီး ပွင့်ဖတ်အဖြူရောင်ရှိသည်။ အလယ်တွင် ဝါ၍ မွှေးပျံ့သော ဝတ်ဆံတို့သည် တစ်စုတဝေးတည်း လုံးထွေးနေ၏ ။                 မြန်မာ့ဆေးကျမ်းများ အလိုအရ ကံ့ကော်သည် ဆေးဖက်ဝင်လှ၏။ အစာကို ကြေစေ၏။ သွေးဖောက်ပြန်ခြင်း၊ နှလုံးနာကျင် ခြင်း၊ အဆိပ်သင့်ခြင်း၊ ဆီးအိမ်နာခြင်း၊ ရောင်ရမ်းခြင်းများကို ပျောက်စေနိ

လူအစစ်လူဖြစ်ဖို့လိုသည် 

လူအစစ်လူဖြစ်ဖို့လိုသည်        လက်ငင်းဒိဋ္ဌ စိတ်ချမ်းသာဖို့ အတွက် မနာလိုမှုရှင်းရမည်။ ဝန်တိုခြင်း ကင်းရမည် ဖြစ်ပါသည်။ စိတ်အေးချမ်းမှု ရယူ တရားအားထုတ်မှုဖြောင့်မည်။ ဝိပဿနာတရား အားထုတ်ခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ အဓိကလုပ်ငန်း ဖြစ်ပါသည်။       “ထိမှုပေါ်တွင်၊ သတိဝင်၊ သိလျှင် ချမ်းသာမည်” ဟု ကျေးဇူးရှင် စွန်းလွန်းဆရာတော်ကြီး မိန့်ကြားခဲ့ သည်မှာ တိုတိုနှင့် ထိမိလှသော တရား ဖြစ်သည်။ သတ္တဝါတိုင်း၊ လူတိုင်း အသက်ရှူ နေကြသည်။ သို့သော်အသက်ရှမှုကို သတိမထားကြ။ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် အသက်မသေအောင် လေကို ရှူရှိုက်နေကြသည်။ တိုးလို့ တိုးမှန်းမသိ၊ ထိလို့ ထိမှန်းမသိ၊ “သတိလက်လွတ်၊ ငှက်တောင်ကျွတ်, သဖွယ်ဖြစ်နေသည်။       နေရာတိုင်းမှာ သတိသည် အရေးကြီး၏။ စားသတိ၊ သွားသတိ၊ လာသတိ၊ ထိုင်သတိ၊ ထသတိ စသည်ဖြင့် အသိနှင့် သတိရှိဖို့လိုသည်။ သတိ မရှိလျှင် အသိမရှိနိုင်ပေ။ အသိမရှိလျှင် ကောင်းမှုကုသိုလ်နှင့် ဝေးမည်။      အသက်ရှူတဲ့အခါ နှာသီးဖျားမှ လေဝင် လာသည်။ လေသည် အဝင်ရော အထွက်ပါ နှာသီးဖျားကို ထိသည်။ ထိုသို့ ဝင်လေ ထွက်လေ နှာသီးဖျားကို ထိသည့်အခါ ထိမှန်းသိအောင် သတိဖြင့် စောင့်ကြည့်ရာ၏။ ဝင်လေ ထွက်လေသည် ဝါယောဓာတ် ရုပ်တရား၊

ဓမ္မအ​မေးအ​​ေြဖကဏ္ဍ (၃)

        ဓမ္မအ​မေးအ​​​ေြဖကဏ္ဍ(၃) ​မေး = ဆရာခင်ဗျား- ကွယ်လွန်သူအတွက် ရည်စူးပြုလုပ်            သော ရက်လည် ဆွမ်းသွတ်ပွဲမှာ ပရိတ်ရွတ်ပြီးမှ             ရေစက်ချ အမျှဝေသင့်သလား။ (သို့မဟုတ်)            ရေစက်ချအမျှဝေပြီးမှ ပရိတ်ရွတ်သင့်ပါသလား            သိလို ပါသည် ခင်ဗျား။  ​ေြဖ = ကွယ်လွန်သူကို ရည်စူး၍ ဆွမ်းလှူခြင်းက အလှူဒါန           ပြုလုပ်သော ပွဲတစ်ခုဖြစ်ပါတယ်။ သေလွန်သူသည်           သာဓုခေါ်ရန် လိုအပ်သော အခါ ပြိတ္တာစသည့် ဘဝ           ရောက်နေရင် သာဓုခေါ်ရန် အလှူပွဲသို့ ရောက်လာနိုင်           ပါတယ်။ မည်သူ့ကိုမျှ ဒုက္ခပေးရန် ရောက်လာခြင်း           မဟုတ်ပါ။ ကုသိုလ်အမျှကို သာဓုခေါ်ဖို့ လာခြင်းဖြစ်ပါ           တယ်။ ထို့ကြောင့် ပရိတ်ရွတ်သံကြားရုံနဲ့ ထွက်ပြေး           လိမ့်မည်မဟုတ်ပါ။ ကုသိုလ် အမျှကို သာဓုခေါ်ပါမှ           ပြိတ္တာဘဝက လွတ်မြောက်ရန် လမ်းစတွေ့မည်ဖြစ်၍           သာဓုခေါ်ရန် ကြိုးစားပေလိမ့်မယ်။ တရားနာ ခွင့်ရပါ             ကလည်း တရားနာဖို့ ကြိုးစားပေလိမ့်မယ်။ ယက္ခသံ            ယုတ်လာ ပိယကံရသုတ်နဲ့ ပုနဗ္ဗသုသုတ်တို့ကို           လေ့လာသင့်ပါ တယ်။ (သံ၊ ၁၊ နှာ -၂၁၁)။            သို့ဖြစ်၍ ပရိ

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်       ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။      အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။        ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။          ထိုအခါ တိုင်းသူပြည်သားများက လိစ္ဆဝီမင်းများ မင်းကျင့်တရား ညီ, မညီ နှင့် လိစ္ဆဝီမင်းမျ