မင်္ဂလသုတ်တော် ဝတ္ထုဖြစ်စဉ်
ဘုန်းတော်ကြီးတော်မူသော ဂေါတမမြတ်စွာဘုရားသည် အနာထပိဏ်သူဌေး ဆေက်လုပ်လှူဒါန်းသော ဇေတဝန် ကျောင်းတော်မှာ စံနေခိုက် လူ့လောကတွင် သတ္တဝါတို့ ကြီးပွားကြောင်းတ 'မင်္ဂလာ' ၏ ဝေါဟာရနှင့် ပတ်သက်၍ ဝိဝါဒကွဲပြား မှုများ ဖြစ်ပေါ်ခဲ့သည်။
ကောင်းတာ မြင်ရတာ 'မင်္ဂလာ' ကောင်းတာ ကြားရတာ 'မင်္ဂလာ'၊ ကောင်းတာနှင့် ထိတွေ့ရတာ “မင်္ဂလာ” ဟူ၍ အငြင်းပွားရာမှ အုပ်စုကြီး (၃)စု ဖြစ်ပေါ်ခဲ့ပြီး ထိုအုပ်စု (၃)စုသည် ကိုယ့်အယူမှန် သည်၊ သူ့အယူမှန်သည်ဟု တစ်ဖက်နှင့်တစ်ဖက် စင်မြင့် ဆောက်၍ ရက်ရှည် လများ ဟောကြား ရာမှာ လူတွင်မက ကိုယ့်စောင့်နတ်ချင်းပင်လျှင် ငြင်းခုံကြ လေ၏။
ယင်းပြဿနာသည် ဘုမ္မစိုးနတ်, ရုက္ခစိုးနတ် များမှ တစ်ဆင့် အာလိန်ငါးဆင့်ကို ကျော်ကာ တာဝတိံသာ နတ်သဘင်ထိ အုပ်စုဖွဲ့ကာ ငြင်းခုံပွဲ ကူးစက်လာပြီးနောက် မည်သူမှန်သည်။ မည်သူမှားသည်ကို အဆုံးအဖြတ်ပေးပါရန် သိကြားမင်းထံ ဝင်၍ အဆုံးအဖြတ်ခံယူကြသည်။
ဤတွင် သိကြားမင်းက ဤမင်္ဂလာကိစ္စသည် ကျယ်ဝန်း နက်နဲလှသည်၊ ထို့ကြောင့် လူ့ပြည်တွင် ထင်ရှား ပွင့်တော်မူ နေသော ဂေါတမမြတ်စွာဘုရား သည် သိရှိနိုင်ရာ၏ဟု ဆိုကာ မထင်မရှား နတ်သား တစ်ဦးအား တာဝန်ပေးကာ သန်းခေါင်ယံ အချိန်တွင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး တော်မူသော မြတ်စွာဘုရားအား လျှောက်ထား မေးမြန်းစေ၏။ မြတ်စွာဘုရားက ၃၈-ဖြာ မင်္ဂလာ တရားပါဝင်သည့် မင်္ဂလ သုတ်တော်ကို ဟောတော် မူသည်။ မင်္ဂလသုတ်တော်ကို ရွတ်ဖတ်ပါက ကျက်သရေ အမျိုးမျိုး တိုးပွားခြင်း၊ ကံကောင်းခြင်း၊ ဘုန်းကံ ကြီးမားခြင်းစသော အကျိုးများရနိုင်ပါသည်။ အမှန်စင်စစ် မင်္ဂလသုတ်တော်သည် ရွတ်ရုံသာမက လိုက်နာ ကျင့်ကြံရမည့် တရားများလည်းဖြစ်ပါ သည်။
မင်္ဂလသုတ်ပါဠိတော်ဘာဝနာပွားများနိုင်ရန်ဤသည်ကိုနှိပ်ပါ။🙏🙏🙏
ဝယ်ယူဖတ်ရှုလိုပါက ၀၉ ၇၇၄၇၇၈၈၅၅ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်ခင်ဗျာ။ |
Comments
Post a Comment