Skip to main content

ကံ့​ကော်ပန်း

              

ကံ့​ကော်ပန်
             တန်ခူးလ၏ အထိမ်းအမှတ်ပန်းသည် ကံ့ကော်ပန်းဖြစ်၏။ ကံ့ကော် (Gangaw) ၏ရုက္ခ​ဗေဒအမည်မှာMesua Ferreaြဖစ်၏။ မျိုးရင်းမှာ Calophyllaceae ဖြစ်၏။ 
              ကံ့ကော်သည် မူလဖြစ်ထွန်းရာ အထက်မြန်မာနိုင်ငံနှင့် တနင်္သာရီနယ်တို့တွင် အမြင့်ပေ-၈ဝ၊ လုံးပတ် ဆယ်ပေထိရှိသော အရိပ်အာဝါသကောင်းသည့် သစ်ပင် မျိုးဖြစ်သည်။ အမြဲစိမ်းပင်ကြီးမျိုးဖြစ်၏ ။ ပင်စည်ဖြောင့်မတ်၍ အခေါက်ကြမ်းသည်။ အကိုင်းအခက်များစွာ ဖြာထွက်သည်။
              အရွက်သည် ရှည်မျောမျောပုံ ဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းဝိုင်း သို့မဟုတ် ချွန်သည်။ နုသောအခါ နီ၍ ရင့်သောအခါ စိမ်းလျက် ကျောက်တွင် အဖြူရောင်အမှုန်ကလေးများရှိသည်။ ရွက်ကြောများ နီးကပ်၍ ထင်ရှားသည်။ အပွင့်သည် တစ်ပွင့်တည်း (သို့မဟုတ်) စုပွင့်သည်။ အချင်းတစ်လက်မမှ သုံးလက်မအထိရှိပြီး ပွင့်ဖတ်အဖြူရောင်ရှိသည်။ အလယ်တွင် ဝါ၍ မွှေးပျံ့သော ဝတ်ဆံတို့သည် တစ်စုတဝေးတည်း လုံးထွေးနေ၏ ။ 
               မြန်မာ့ဆေးကျမ်းများ အလိုအရ ကံ့ကော်သည် ဆေးဖက်ဝင်လှ၏။ အစာကို ကြေစေ၏။ သွေးဖောက်ပြန်ခြင်း၊ နှလုံးနာကျင် ခြင်း၊ အဆိပ်သင့်ခြင်း၊ ဆီးအိမ်နာခြင်း၊ ရောင်ရမ်းခြင်းများကို ပျောက်စေနိုင်၏။ အပွင့်၊ ဝတ်ဆံ၊ အစေ့၊ အမြစ်၊ အခေါက်နှင့် အဆီများကို ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုကြသည်။   ။ 
                                                          ကိုးကား-ဝီကီပီးဒီယား
မြန်မာ့ဆယ့်နှစ်လရာသီပန်း
အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူ​ဖော်ပြထားပါသည်။
အ​​​ေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အ​​ေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။

Comments

တစ်ပတ်အတွင်းဖတ်ရှုမှု အများဆုံး ပိုစ့်များ

​ေမတ္တသုတ်​တော် ဝတ္ထုဖြစ်စဥ်

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၂)

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်       ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။      အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။        ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။          ထိုအခါ...