Skip to main content

ဗုဒ္ဓ၏ ၃၂ ပါး​သော လက္ခဏာ​တော်ကြီးများမှ ထင်ရှား​သော....

ဗုဒ္ဓ၏ ၃၂ ပါး​သော လက္ခဏာ​တော်ကြီးများမှ ထင်ရှား​သော

ဥဏ္ဏလုံး​ွေးရှင်​တော်၊ ဆံ​​တော်နှင့်
          နဖူးသင်းကျစ်​တော်


    ဥဏ္ဏလုံး​​​ေမွးရှင်​တော်မှာ 'ဥဏ္ဏ​လောမ'ကို မြန်မာမှုပြုထားြခင်းဖြစ်သည်။ထို ​​ေမွးရှင်တော်မှာ မျက်ခုံးတော်နှစ်ဖက် အလယ်ဗဟိုဝယ် ​ပေါက်လျက်ရှိပြီး အထက်သို့ တက်ကာ နဖူးပြင်တော်အလယ်တွင် ဝါဂွမ်းဖြူအနုကဲ့သို့ တင့်တယ်လျက် တည်ရှိနေခြင်းပင် တည်း။ ထိုဥဏ္ဏလုံကို ဆွဲဆန့်လိုက်လျှင် လက်​မောင်းတစ်ဝက်မျှပမာဏအရှည်ရှိကာ လက်မှလွှတ်လိုက်မည်ဆိုပါက လက်ျာရစ် လည်၍လုံးဝန်းသွားပြီးနောက် အထက်ဘက်သို့ အဖျားလှည့်တည်ပြီး ရှိနေသောကြောင့် အသက်ရှင်​နေဘိသကဲ့သို့ ထင်မှတ်ရသည်။ ရွှေအဆင်းသဏ္ဌာန် နဖူးပြင်တွင် တည်နေရကား နံနက်အရုဏ်ဦးမိုးသောက်ယံတွင် ထွက်ပေါ်လာသော သောကြာကြယ်ကြီး ကဲ့သို့ တင့်တယ်တော်မူလှပါပေသည်။
    ဆံတော်တို့မှာ ညို​မောင်းသည့်အဆင်းရှိကုန်သည်။ထို့ပြင် သိမ်​​​ေမွ့နူးညံပြီး ညက်​ညောလှ၏။ဆံ​တော်များသည် တစ်ပင်နှင့် တစ်ပင် မရောယှက် ကြပေ။ ရှုပ်ထွေးခြင်းလည်း မဖြစ်။ အနိမ့်အမြင့် အတိုအရှည်ညီမျှကြ၏။ ထို့အတူ မစေးထန်း နူးညံ့ လှ၏။ ဆံတော်တို့ကား လက်ျာရစ်လည်ကာ တည်ရှိ နေကြပေသည်တကား။ 
     နဖူးသစ်ကျစ်တော်မှာ လက်ျာဘက်နားအစွန်းမှ စတင်ကာ လက်ဝဲဘက် အနားစွန်း တိုင် အထက်သို့တက်သော အသားလွှာများသည် နဖူးတစ်ပြင်လုံးကို ဖုံးလျက်ရှိ၏။ ထိုအခါ နဖူးတစ်ပြင်လုံးသင်းကျစ်ပြားဖြင့် ဖုံးထားသကဲ့သို့ ထင်မှတ်ရ၏။ ထိုအခါ နဖူးသင်းကျစ်တော်သည် ကျယ်ပြန့်သော နဖူးတော်ဖြင့် လွန်မင်းစွာ တင့်တယ်လျက် ရှိပေသည်။ ဗုဒ္ဓမြတ်စွာ၏ ဦးခေါင်းတော်တစ်ခုလုံးသည် ပွတ်ဆောက် စူးဖျားဖြင့် လှည့်ပတ်ပွတ်ခံ ရွေထားသကဲ့သို့ ရေပွက်လုံးကလေးပမာ လုံးဝန်းတော်မူ လှပေသည်။ 
သူတော်ကောင်းအပေါင်း ကြည်ညို အားထုတ်ကြပါကုန်လော့။ ။
                                                      သုတေသီရွှေပေါ်မြတင်

လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊
​​​ေကျာက်တံတားမြို့နယ်။
ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

​အောက်​ဖော်ပြပါ အ​​​ေကြာင်းအရာများကိုနှိပ်၍ ဆက်လက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။🙏🙏🙏
 အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၂) မှ ကူးယူ​ဖော်ပြထားပါသည်။
                                                     

 

Comments