အာဋာနဋိယသုတ်တော်ဝတ္ထုဖြစ်စဥ်
လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘလောက်)၊ ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅ |
ရာဇဂြိုလ်ပြည်ကြီး၏အနီး ဂိ္စ်ဇျကုဋ်တောင်တွင် မြတ်စွာဘုရားရှင် သီတင်းုံးနေတော်မူစဥ် တစ်ညသော သန်းခေါင်ယံ၌ မြင်းမိုရ်တောင်၏ ေြမာက်ဘက်အရပ်ရှိ နတ်ဘီလူး စစ်သည် ကုဋေတစ်သိန်းတို့ကို အုပ်စိုးသော ကုဝေရနတ်မင်း၊ အေရှ့ဘက်အရပ်ရှိ ဂန္ဓဗ္ဗ စစ်သညွ ကုဋေ တစ်သိန်းတို့ကို အုပ်စိုးသော ဝိရူပက္ခနတ်မင်း အစရှိသည့် နတ်မင်း အပေါင်းတို့သည် မိမိတို့၏ ေြခွရံ ေကျးကျွန်၊ ပရိသတ်များနှင့်အတူ ညသန်းခေါင်ယံ အချိန်၌ မြတ်စွာဘုရားရှင်အား လာရောက်ဖူးေမြာ်ကြလေသည်။
ထိုစတုမဟာရာဇ်နတ်မင်းကြီးလေးပါးတို့သည် မြတ်စွာ ဘုရားရှင်ကို ဖူးေြမာ် ကြပြီးနောက် ကုဝေရ(ဝေဿဝဏ်) နတ်မင်းကြီးက ဦးဆောင်၍ ေလျှာက်ထားသည်မှာ လူလောက၌ လူကောင်လူဆိုးအမျိုးမျိုးရှိသကဲ့သို့ နတ်လောက, ဘီလူး လောက၌လည်း အကောင်း, အဆိုး နှစ်မျိုးရှိကြ ပါသည်။
ဘုန်းတော်ကြီးမားသော မြတ်စွာဘုရား။ များစွာသော နတ်ဘီလူး အပေါင်းတို့တွင် အချို့သော နတ်ဘီလူးတို့သည် ညစ်ညူးသော ဉာဏ်အမြင်ဖြင့် မြတ်ဘုရားကိုမျှ ကြည်ညို နှစ်သက်ခြင်း မရှိကြကုန်၊ သူ၏ အသက်ကို သတ်ခြင်း၊ အသား ကို စားခြင်း၊ သူ၏ ဥစ္စာကို ခိုးဝှက်ခြင်း၊ သေရည် အရက်ကို သောက်ခြင်း အစရှိသော အဓမ္မကံကိုလည်း ရံဖန် ကျူးလွန်တတ်ကြ၏။ ထိုနတ်ဘီလူးမျိုးတို့သည် အစိုးရမင်းတို့၏ အာဏာကို လွန်စွာ ကြောက်လန့် တတ်ကြသည်။
မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်း၌ တရားဓမ္မတွင် မွေ့လျော်သူ ဥပါသကာ, ဥပါသိကာ တို့အား သာသနာတော်ကို မကြည်ညိုသူ နတ်ဆိုး၊ ဘီလူးဆိုးများက ဝင်ရောက် နှောင့်ယှက် ခြောက်လှန့် ခြင်းမပြုနိုင်စေရန် တပည့်တော်များ၏ အမည်နာမ ပါသော အာဋာနာဋိယ နတ်မြို့တော်မှ ထုတ်ပြန် လိုက်သော အမိန့်တော် ပြန်တမ်းအား စည်းကမ်းသဖွယ်အသုံးပြုနိုင်ရန် အရံအတား ပရိတ်တော်တရားဒေသနာကို ဟောကြား ပေးတော်မူပါဟုလေျှာက်ထားလေ၏။
ကုဝေရ (ဝေဿဝဏ်) နတ်မင်းသည် 'ဝိပဿိဿ နမတ္ထု' အစသော ဂါထာတို့ဖြင့် တန်ဆာဆင်အပ်သည့် မြတ်စွာဘုရား ခုနှစ်ဆူအား ရှိခိုးြခင်းမှအစ နတ်မင်းကြီးများ၏ အမည်ပါသော အာဋာနာဋိယသုတ်တော်ကို ထုတ်ဖော် ေလျှာက်ထား၍ ရွတ်ပွား သရစ်ဇျာယ်ခဲ့ကြလေသတည်း။
အာဋာန္ဋိယသုတ်တော်ကို ရွတ်ဖတ်ပါက ဘီလူး၊ သဘက် အေနှာင့်အယှက်မှ ကင်းဝေးစေနိုင်ပါသည်။
Comments
Post a Comment