Skip to main content

လူအစစ်လူဖြစ်ဖို့လိုသည် 

လူအစစ်လူဖြစ်ဖို့လိုသည် 
     လက်ငင်းဒိဋ္ဌ စိတ်ချမ်းသာဖို့ အတွက် မနာလိုမှုရှင်းရမည်။ ဝန်တိုခြင်း ကင်းရမည် ဖြစ်ပါသည်။ စိတ်အေးချမ်းမှု ရယူ တရားအားထုတ်မှုဖြောင့်မည်။ ဝိပဿနာတရား အားထုတ်ခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ အဓိကလုပ်ငန်း ဖြစ်ပါသည်။ 
     “ထိမှုပေါ်တွင်၊ သတိဝင်၊ သိလျှင် ချမ်းသာမည်” ဟု ကျေးဇူးရှင် စွန်းလွန်းဆရာတော်ကြီး မိန့်ကြားခဲ့ သည်မှာ တိုတိုနှင့် ထိမိလှသော တရား ဖြစ်သည်။ သတ္တဝါတိုင်း၊ လူတိုင်း အသက်ရှူ နေကြသည်။ သို့သော်အသက်ရှမှုကို သတိမထားကြ။ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် အသက်မသေအောင် လေကို ရှူရှိုက်နေကြသည်။ တိုးလို့ တိုးမှန်းမသိ၊ ထိလို့ ထိမှန်းမသိ၊ “သတိလက်လွတ်၊ ငှက်တောင်ကျွတ်, သဖွယ်ဖြစ်နေသည်။ 
     နေရာတိုင်းမှာ သတိသည် အရေးကြီး၏။ စားသတိ၊ သွားသတိ၊ လာသတိ၊ ထိုင်သတိ၊ ထသတိ စသည်ဖြင့် အသိနှင့် သတိရှိဖို့လိုသည်။ သတိ မရှိလျှင် အသိမရှိနိုင်ပေ။ အသိမရှိလျှင် ကောင်းမှုကုသိုလ်နှင့် ဝေးမည်။
     အသက်ရှူတဲ့အခါ နှာသီးဖျားမှ လေဝင် လာသည်။ လေသည် အဝင်ရော အထွက်ပါ နှာသီးဖျားကို ထိသည်။ ထိုသို့ ဝင်လေ ထွက်လေ နှာသီးဖျားကို ထိသည့်အခါ ထိမှန်းသိအောင် သတိဖြင့် စောင့်ကြည့်ရာ၏။ ဝင်လေ ထွက်လေသည် ဝါယောဓာတ် ရုပ်တရား၊ နှာသီးဖျားသည်လည်း ကာယပသာဒ ရုပ်တရား၊ ထိုရုပ်တရား နှစ်ခု၏ ထိတိုက်မှုကို သတိဖြင့် စောင့်ကြည့်တဲ့ အခါ ထိသည်ဟု သိသည်။ သိတာသည် နာမ်တရား၊ သတိသည်လည်း နာမ်တရား၊ ထိုထိခြင်း သိခြင်းတို့သည် ကြာရှည်စွာ တည်တံ့ ခိုင်မြဲနေသည်မဟုတ်။ ခဏဖြစ်လျက် ခဏပျက်၏။ ရေပွက် ပမာသာဖြစ်၏။ 
     နှာသီးဖျားမှာ ဝင်လေ ထွက်လေ တိုးထိသည့်အခါ သတိဖြင့် စောင့်ကြည့်လျှင် မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်းဒုက္ခ၊ ငါဖြစ်ချင်သလိုမဖြစ်၊ သူဖြစ်ချင်သလိုဖြစ်၊ မပိုင်ဆိုင်တဲ့ ရုပ်နာမ်တရားတွေပါလား-အနတ္တစသည်ဖြင့် တဖြည်းဖြည်း ဉာဏ်မှာ ထင်လာနိုင်ပါသည်။ ရုပ်နာမ်တရားတို့အပေါ်ဝယ် သတိဝင်မှလည်း သိမြင်ခြင်း ဉာဏ်(ပညာ)ဖြစ်ရာ၏။ သိမှ ချမ်းသာမည်။ မသိလျှင် သို့မဟုတ် အသိမဝင်လျှင် ဒုက္ခနွံဝဲ ဆင်းရဲတွင်းက လွတ်လမ်း မမြင်နိုင်ပေ။ ဝိပဿနာတရား အားထုတ် ခြင်းဖြင့် လူ့ဘဝတန်ဖိုးကို ပိုမိုမြှင့်တင်နိုင်ကြပါစေ။ 
ဟိန်းထက်စိုး
​အောက်​ဖော်ပြပါ အ​​​ေကြာင်းအရာများကိုနှိပ်၍ ဆက်လက်      ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။🙏🙏🙏                                         
အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူ​ဖော်ပြထားပါသည်

အ​​​ေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အ​​ေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။


Comments

တစ်ပတ်အတွင်းဖတ်ရှုမှု အများဆုံး ပိုစ့်များ

​ေမတ္တသုတ်​တော် ဝတ္ထုဖြစ်စဥ်

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၂)

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်       ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။      အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။        ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။          ထိုအခါ...