Skip to main content

သစ္စာတန်ခိုး

                              သစ္စာတန်ခိုး

        အခ​ျိန်ကား ပုဂံ​ခေတ်ဖြစ်သည်။ ပုဂံပြည်ကို တရုတ်​​ေပြး
မင်း ​ခေါ် နရသီဟပ​တေ့မင်းအုပ်ချုပ်စဥ်က ရှင်ဘုရင်သည် အမျက်​စောင် မာန်မာနကြီးခြင်း၊ ဆင်ခြင်တုံတရား နည်းပါး
ြခင်းတို့​​​ေကြာင့် ပြည်သူတို့ ​​ေကြာက်ရွံ့ကြသည်။
        တစ်နေ့သောအခါ နေပြည်တော်တွင် ရေသဘင်ပွဲတော် ကျင်းပသည်။ ထိုအခါ ရှင်ဘုရင်က မိဖုရားစောလုံကို ကျီစယ်သော သဘောဖြင့် မောင်းမငယ် တစ်ယောက် ကို တစ်ကိုယ်လုံး ရေစိုရွှဲအောင် လောင်းခိုင်းစေသည်။ မိဖုရားစောလုံသည် စိတ်ဆတ်သည်။ အငြိုးအတေးကြီးတတ်သည်။ သူမကို မောင်းမငယ်က ရေရွှဲအောင်လောင်းလိုက်သဖြင့် အရှက်ရကာ ရှင်ဘုရင်ကို လက်စားချေရန် အခွင့်အခါကို စောင့်နေပေသည်။ တစ်နေ့တော့ အခွင့်အခါက ကြုံလေပြီ။ မင်းကြီး စားတော်ခေါ်ရာတွင် အဆိပ်ခတ်လိုက်၏။ မင်းကြီးက စားတော် ခေါ်ရန် ပြင်ဆင်နေစဉ် ခုံအောက်က ခွေးက ရုတ်တရက်ချေဆတ်၏။ ထို့ကြောင့် မင်းကြီးက နိမိတ်မကောင်းဟု ယူဆကာ ချက်ချင်း မစားပဲ ဟင်းဖတ်ကို ခွေးအား ချကျွေးသည်။ ခွေးသည် ဟင်းဖတ်ကို စားပြီး ရုတ်တရက် သေလေတော့ သည်။
            ထိုအခြင်းအရာကို စစ်မေးသော် မိဖုရားစောလုံသည် မငြင်းကွယ်ပဲ 'ဟယ် ပန်း ပွတ်သည်မြေး၊ နင်-ငါ့ကို အများရှေ့ မှာ အရှက်ခွဲလို့ စိတ်နာပြီး ငါလုပ်ကြံတာ' ဟု မကြောက်မရွံ့ ဖြေသည်။ တရုတ်ပြေးမင်းလည်း ပင်ကိုကပင် မင်းမျိုးမဟုတ်ပဲ၊ ပန်းပွတ်သည် မြေးြဖစ်ရကား အမျိုးကို ထိခိုက်အပြောခံရသဖြင့် ရှက်ဒေါသဖြစ်ကာ စောလုံကို သံကျင်ထိုး၍ သတ်ရန် အမိန့်ပေးသည်။ စောလုံသည် အသတ်မခံရမီ ခုနှစ်ရက်အတွင်း သီလ ဆောက်တည်ကာ အဘိဓမ္မာ တရားနာယူလျက် ဂုဏ်တော်ကိုးပါးကို ပုတီးစိပ် ပေသည်။

                ၇-ရက်စေ့သော် စောလုံသည် မီးဖိုသံကျပ်စင် သို့ ရဲဝံ့စွာ တက်ရောက်သည်။ ထိုနောက် မီးရှို့ရာ သုံးကြိမ် တိုင်တိုင် မီးငြိမ်းသည်။ ထိုအခါ စောလုံသည် စိတ်ကို လျော့ချကာ “ငါ၏ ခန္ဓာကိုယ်သည် တစ်ခဏ ချင်း လောင်ကျွမ်း စေသော်”ဟု အဓိဋ္ဌာန်ပြုမှ မီးကျွမ်း လေသည်။
 
           စောလုံသေလွန်ပြီးသော်လည်း မင်းကြီးသည် စက်တော်ခေါ်၍ မရ၊ မကြာခဏယောင်ယမ်းကာ “စောလုံ-စောင့် ပါလှည့်” ဟု အော်ဟစ်သည်။ ဆရာတော်များက တရားပြနှစ်သိမ့်ရသည်။ ထို့နောက် မင်းကြီးက “နောင်သော်အခါ ငါသေစေဟုစေသော်လည်း သေတန်မှ သေပါစေ-၁၀ရက် ၁၅ ရက် ခန့် စစ်ဆေးပါ၊ ဟု ၊ ဦးရီးတော်သိမ္မစည်းကို မှာကြားလေသတည်း။ ။ ဤကား မဆင်မခြင်ဒေါသအလျှောက်ပြုမူသဖြင့် ဘဝဇာတ်သိမ်း မလှရသည့် ကြေကွဲဖွယ်ဖြစ်ရပ်များ ဟု ဆိုနိုင်ပေသည်ပင်။ ။
                                                                            စိုးမိုးအောင်

လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊
​​​ေကျာက်တံတားမြို့နယ်။
ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

​အောက်​ဖော်ပြပါ အ​​​ေကြာင်းအရာများကိုနှိပ်၍ ဆက်လက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။🙏🙏🙏
 အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၂) မှ ကူးယူ​ဖော်ပြထားပါသည်။
                       

Comments