Skip to main content

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၁)

အံ့ဖွယ်​ေြခရာ​တော်

 

  အံ့ဖွယ် ခြေတော်ရာ မြတ်စွာဘုရားရှင်သည် ဒေသစာရီကြွတော်မူခြင်း၊ ဆွမ်းခံကြွခြင်း၊ စင်္ကြံကြွ​တော်မူခြင်းတို့တွင် မည်သည့်အခါ၌မဆို မြေတွင် ခြေတော်ရာမထင်ဟု ကျမ်းဂန်များတွင် ဖွင့်ဆိုထားသည်။ အကယ်၍ ခြေတော်ရာ ထင်လျှင်လည်း ချက်ချင်းပြင် ကွယ်ပျောက်သွားရပေသည်။ မြတ်စွာဘုရားရှင်သည် တစ်စုံတစ်ယောက် မြင်စေတော်မူ လိုသောအခါမှသာလျှင် “ဤသူသည် ခြေတော်ရာကို မြင်စေ သတည်း” ဟု အဓိဋ္ဌာန်သောအခါ ခြေတော်ရာထင် ကျန်ရစ်သည်။
 အဘယ့်ကြောင့် မြေတွင် မြတ်စွာဘုရားရှင်၏ ခြေတော်ရာမထင်သနည်း။
 ၁။ နူးညံ့သိမ်မွေ့သောကြောင့်၎င်း၊
 ၂။ ခွန်အားဗလကြီးမားလှသောကြောင့်၎င်း၊
 ၃။ လူအများအား ငဲ့ညှာသနားတော်မူသောကြောင့်၎င်း၊       
               ခြေတော်ရာမထင်ကြောင်း အင်္ဂုတ္တရအဋ္ဌကထာ၊ ဒေါဏသုတ်အဖွင့်တွင် ပြဆိုထားသည်။ 
(၁)          မြတ်စွာဘုရား၏ ကိုယ်ခန္ဓာတော်သည် နူးညံ့ သိမ်မွေ့သောကြောင့် ဘုရား ခြေချရာအရပ်သည် ဝါဂွမ်းလေးများ ထိသကဲ့သို့ဖြစ်ပြီး ခြေတော်ရာ မထင်ပေ။
(၂)           သိဒ္ဓေါမြင်းပျံသည် ပဒုမ္မာကြာရွက်ပေါ်၌ နှင်းဖြတ်၍ သွားသော်လည်း ခြေရာမထင် နင်းကာမတ္တဖြစ်သကဲ့သို့ မြတ်စွာ ဘုရားရှင်သည် အားတော်ဆယ်ပါးနှင့် ပြည့်စုံသောကြောင့် ဘုရားနင်းရာအရပ်၌ ခြေတော်ရာမထင်ပေ။ 
(၃)            မြတ်စွာဘုရား၏ နောက်တော်မှ လိုက်ပါလာသော ရဟန်းများ၊ ရဟန်းမ,များ၊ လူအများတို့သည် မြတ်စွာဘုရား၏ ခြေတော်ရာကို မြင်တွေ့သောအခါ ကျော်နှင်းဖို့ မဝံ့ရဲသဖြင့် ရှောင်ကွင်းသွားရသောကြောင့် ခရီးသွားရာ၌ ကြန့်ကြာနှောင့်နှေး ကြရကုန် ၏။ ထိုလူများကို သနားငဲ့ညှာသောအားဖြင့် ခြေတော်ရာမထင်ပါချေ။
 (အင်္ဂုတ္တရ -ဋ္ဌ-၂၊ ၂၉၇)            



လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊
​​​ေကျာက်တံတားမြို့နယ်။
ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

​အောက်​ဖော်ပြပါ အ​​​ေကြာင်းအရာများကိုနှိပ်၍ ဆက်လက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။🙏🙏🙏
 အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၂) မှ ကူးယူ​ဖော်ပြထားပါသည်။
                       


Comments