တပေါင်းလ
တပေါင်းလပြည့်နေ့ကို မြတ်စွာဘုရား ပြည်တော်ဝင် အခါတော်နေ့ အဖြစ် သတ်မှတ်ကြကုန်၏။ ထိုနေ့တွင် ကာဠုဒါယီမထေရ်မှ ဘုရားရှင်အား ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူရန် ေလျှာက်ထားသည်ကို အေကြာင်းပြု၍ သတ်မှတ်ခြင်း ဖြစ်၏။
ကာဠုဒါယီအမတ်ကြီးမှ မိမိအား “ရဟန်းပြုခွင့်ပေးမည်ဆိုပါက ရားရှင်ကြွ ရောက်လာအောင် ပင့်ပေးမည်” ဟု ပြန်လည်လျှောက်ထား၏ ။ သုဒ္ဓေါဒနမင်းကြီးက ရဟန်း ပြုချင်ပြုပါ။ သားလေးကို ကပိလဝတ် နန်းတော်သို့ ကြွလာအောင် ပင့်ဆောင် ပေးပါ ဟု ပြန်လည်ပြောကြားလေ၏။
ြမတ်စွာဘုရားသည် ရာဇဂြိုလ် ဝေဠုဝန်ေကျာင်း၌ သီတင်းသုံးနေစဥ် အင်္ဂတုိင်းနှင့် မဂဓတုိင်းသားတုိ့အား တရားရေအေး အမြိုက်ဆေးတုိက်ေကျွးလျက်ဥရုဝေလ ကဿပ ညီနောင်သုံး ဦးနှင့် နောက်ပါ ရသေ့တစ်ထောင်
တို့ကို ဧဟိဘိက္ခု ရဟန္တာများဖြစ်
စေကာ သာသနာ့ဘောင်
သို့သွတ်သွင်းခဲ့၏။
ြမတ်စွာဘုရား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားနှင့် ပတ်သက်သော သတင်းများကို အမြဲ စုံစမ်းနေ၏။ မြတ်စွာဘုရားရှင်၏ ကြည်ညိုဖွယ် ဝမ်းသားဖွယ် သတင်းများကို ကြားရသောအခါ သားတော်ဘုရားကိုဖူး
ေတွ့လိုစိတ်များ ဖြစ်ပေါ်လာလေ၏။ ထို့ေကြာင့် သုဒ္ဓေါဒနမင်းကြီးသည် အမတ်တစ်ဦးကို အခြံအရံတစ်ထောင်မျှြဖင့် ဘုရားပင့် စေလွှတ်လိုက်လေ၏။မြတ်စွာဘုရားထံရောက်သောအခါ အားပင့်လာသော အမတ်တို့သည် တရားနာပြီးသော် ဧဟိဘိက္ခုရဟန္တာများ ဖြစ်ကြ ကုန်၏။ ရဟန္တာဖြစ်ပြီးသော် လူမှုကိစ္စများ၌ စိတ်မဝင်စားတော့သဖြင့် ဘုရားပင့်ရန် မလျှောက်တင်ဖြစ်ကြတော့ပေ။
မင်းကြီးမှ အကြိမ်ကြိမ်စေလွှတ်သော်လည်း ရဟန္တာများ ဖြစ်ကုန်ကြသော ကြောင့် ပြန်မလာကြတော့ပေ။နောက်ဆုံးအကြိမ်တွင် မြတ်စွာရား၏ ဖွားဖက်တော် ကာဠုဒါယီအမတ်ကို စေခိုင်းလေ၏။ ကာဠုဒါယီအမတ်ကြီးမှ မိမိအား “ရဟန်းပြုခွင့်ပေးမည်ဆိုပါက ရားရှင်ကြွ ရောက်လာအောင် ပင့်ပေးမည်” ဟု ပြန်လည်လျှောက်ထား၏ ။ သုဒ္ဓေါဒနမင်းကြီးက ရဟန်း ပြုချင်ပြုပါ။ သားလေးကို ကပိလဝတ် နန်းတော်သို့ ကြွလာအောင် ပင့်ဆောင် ပေးပါ ဟု ပြန်လည်ပြောကြားလေ၏။
ကာဠုဒါယီအမတ်သည် မြတ်စွာဘုရားထံတွင် တရားနာပြီးနောက် ၁ အခြံအရံ များနှင့် တကွ ရဟန္တာဖြစ်ပြီး ကတိထားခဲ့သည့်အတိုင်း မြတ်စွာဘုရားအား မွေးရပ်ဌာနေ ကပိလဝတ်မြေသို့ ကြွတော်မူပါရန် ဂါထာပေါင်း ၆၄ ဂါထာ သီကုံးပြီး လျှောက်ထားလေ၏။
ကာဠုဒါယီအမတ်မှ ရဟန္တာဖြစ်လာသော ကာဠုဒါယီမထေရ်သည် တပေါင်းလ၏ ကြည်နူးဖွယ်ရာများ၊ ပန်းများဝေဆာသာယာလှပပုံများ၊ လမ်းခရီး ပြန့်ပြူးပုံများကို ဝေဝေဆာဆာ လျှောက်ထား လေ၏ ။
အင်္ဂါရိနော ဒါနိ ဒုမာ ဘဒ္ဒန္တေ၊
ဖလေသိနော ဆဒနံ ဝိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ၊
သမယော မဟာဝီရ အဂီရသာနံ။
ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်တော်မြတ်ဘုရား ............. ဆောင်းကို လွန်မြောက်၊ နွေဦးပေါက်သို့၊ ရောက်လတ်တုံလာ၊ ယခုအခါ၌ သစ်ပင် အပေါင်း တို့သည် ရှည်မြင့်ကြာညောင်း အရွက်ဟောင်းကို စွန့်ပယ်သောထွေ ကြွေကျကုန်၍ နီတွေးသော ရွက်နု အပွင့်အဖူးတို့ ပြည့်စုံစည်ဝေနေကြပါကုန်၏ ဘုရား...။
ဥတုလှုံ့ဆောင် အရောင်ရှိကြကုန်သည်ဖြစ်၍ ထွန်းလင်းတောက်ပနေကြ ပါကုန်၏ ရား။ ကြီးသော ဝီရိယရှိတော်မူသော မြတ်စွာရား။
ကိုယ်တော်မြတ်မှ တလက်လက်ထွက်သော ခြောက်ရောင်ရှင် မြတ်ဘုရား ၏ ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန်
လျော်ကန် ကောင်းမြတ်သောအချိန် ရောက်ပါပြီဘုရား။
မယူ ရသံ သော ဂိရိမုဒ္ဓနသ္မိံ၊ နစ္စန္တိ
နာရီဟိ သမင်္ဂီဘူတာ။ ကူဇန္တိ နနာ
မဓု ရ ေဿဟိ၊ သမဿာ မဟာဝီရ
အင်္ဂီရသာနံ။
ကောင်းခြင်းငါးဖြာ ပြည့်စုံသောမူသော မြတ်စွာဘုရား---
ရှင်တော် ဘုရားကြွရာလမ်းတစ်ခွင်ရှိ ဝဲယာဖြစ်သော တောင်ထိပ်အပြင်၌ ဥဒေါင်းငှက်အပေါင်းတို့သည် ကြင်ဖော်မွန်လှ ချစ်ဒေါင်းမ

တို့နှင့် တကွ ယှဉ်တွဲ မောင်နှံတွဲကြကုန်သည်ဖြစ်၍ အမြီးကိုထောင် အတောင်ကိုကော့ ခေါင်းကိုမော့၍ ကျော့ကျော့ ရွှင်ဖြိုး တင့်စနိုးလျှင် ရှေ့တိုးနောက်ငင် လူ့အသွင်သို့ မြူးရွှင်ကခုန် ကြပါကုန်သည်။
အထူးထူးအထွေထွေ အိုးဝေ အိုးဝေဟူသော သာယာသောအသံတို့ဖြင့် သာမာဂဓ ဘာသာဘာဝဖြင့် တွန်ကြ မြူးကြ၊ ကျူးရင့်နေကြပါကုန်၏။ လုံ့လဝီရိယ အားကြီးသော ရှင်တော်မြတ်ဘုရား---
ရောင်စုံခြောက်စဉ် ပိုင်ရှင်ဖြစ်သော ရှင်တော်မြတ်ဘုရား၏ ဖွားရာဌာနီ ပြည်ကဦသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းချိန်ခါ ရောက်ပါပြီရား။
မုနိတို့၏ သခင်ဖြစ်တော် မူသော မြတ်စွာဘုရား၊
ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူး သည် အေးလည်း မအေးလွန်း လှပါဘုရား။ ပူလည်း မပူလွန်းလှပါဘုရား။
နာတိသီတံ နာတိဥဏံ ၊ နာတိ ဒု႕က္ခ ဆာတကံ။ သဒ္ဒ လာ ဟရိတာ ဘူမိ ၊ ဧသ ကာလော မဟာမုနိ။
ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်းမှလဲ ကင်းရှင်း ပါ၏ ဘုရား။ မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက် ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြေလန်းဆန်းနေပါသည်ဘုရား။ ။
ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်တော်သို့ ကြွချီရန် လျော်ကန်
အောက်ဖော်ပြပါ အေကြာင်းအရာများကိုနှိပ်၍ ဆက်လက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။🙏🙏🙏

ေလျှာက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။ ။
မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃ခု တပေါင်းလပြည့် ကျော် ၁ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀- ဝေး သော ကပိလဝတ်ပြည်သို့ တစ်နေ့လျှင် ၁-ယူဇနာ ခရီးဖြင့် ရက်ပေါင်း ၆၀ (၂-လကြာ)ကြာမေနှးမမြန် ကြွမြန်းတော်မူ၏။
ကာဠုဒါယီမထေရ်သည် တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှစကာ ရာဇဂြိုဟ်မှထွက်ပြီး ကပိလဝတ်သို့ ကြွနေစဉ် (၂-လ)အတွင်း၌ နေ့စဉ် ကပိလဝတ် ရွှေနန်းတော်သို့ ဈာန်အဘိညာဏ်တန်ခိုးဖြင့် ကြွပြီး သုဒ္ဓေါဓနမင်းကြီးအား ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ စတင်ကြွချီတော် မူလာပြီဖြစ်ကြောင်း၊ ယနေ့ ဘယ်ဌာနေ၊ ဘယ်တိုင်းပြည်၊ ဘယ် မြို့ရွာတွင် သီတင်းသုံးနေကြောင်း သတင်းစကား ပြန်ကြားပေးလေ၏။
ကာဠုဒါယီမထေရ်သည် နေ့စဉ် ကပိလဝတ်နန်းတော်တွင် ဆွမ်းဘုဥ်းပေးပြီး ပြန်ကြွလျှင် ဘုရားရှင်ဘုဉ်းပေးရန်အတွက် ဆွမ်းအပြည့် ပါသော သပိတ်ကို
ကောင်းကင်ခရီးဖြင့် သယ်ဆောင်ကာ သာကီဝင်တို့အား ချီးမြှောက်ပေးခဲ့၏။ (၂-လ) ပြည့်သောအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည်သို့ ရောက်ရှိတော်မူလေ၏။ ။
...................................................................................................
မြတ်စွာဘုရား ကပိလဝတ်နန်းတော်သို့ ပြည်တော်ဝင်သဖြင့် ဖြစ်ပေါ်လာသော အကျိုးကျေးဇူးများ
၁။ နိကြောဓာရုံကျောင်းပေါ်လာခြင်း။
၂။သာကီဝင်တို့၏ မာန်စွယ်နုတ်ပယ်သော ပေါက္ခရဝဿ မိုးရွာသွန်းစေခြင်း။
၃။ဂါထာတစ်ထောင်ဖြင့်တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီး
ကို ဟောခြင်း။
၄။ မဟာဓမ္မပါလဇာတ်တော်ကြီးကို နာကြားရ၍ ခမည်း တော် အနာဂါမ်တည်ခြင်း။
၅။ မိထွေးတော်ဂေါတမီ သောတာပန်တည်ခြင်း။
၆။ယသောဓရာကိုအကြောင်းပြု၍စန္ဒကိန္နရီဇာတ်တော် ဟောခြင်း။
၇။ ဇနပဒကလျာဏီ၏ ကြင်ယာတော် နန္ဒမင်းသား ရဟန်း ဖြစ်ခြင်း။
၈။ သားတော် ရာဟုလာအမွေတောင်း၍ သာမဏေဘာ ရောက်ခြင်း။
၉။ သာကီဝင်မင်းမျိုးမှ မင်းသားတစ်ထောင် ရဟန်းပြုခြင်း။ ၁၀။ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား မြတ်စွာဘုရား ကို ကြည်ညိုစေရန် | စွမ်းဆောင်ရာ၌ အမြတ်ဆုံး
“ကုလ ပ္ပသာဒ ဧတဒဂ်”ဘွဲ့ချီးမြှင့်ခြင်း။
၁၁။အရှင်သာရိပုတ္တရာတောင်းပန်မှုကြောင့်ဗုဒ္ဓဝင်ကို
ဟောခြင်း။
တပေါင်းလတွင် စတင်သောပြည်တော်ဝင်ခန်းသည် အကျိုးများလှ၏။
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘွန္တပညာသာမိ
(မာဂဓိ-သာစည်)ဆရာတော်ကြီး၏ - “အခါတော်နေ့များမှ” ကူးယူ ဖော်ပြပါသည်)
အောက်ဖော်ပြပါ အေကြာင်းအရာများကိုနှိပ်၍ ဆက်လက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။🙏🙏🙏
- သုကထာကဗျာများ
- သုကထာပုံပြင်နှင့် ဆောင်းပါးများ
- ဓမ္မအမေးအေဖြကဏ္ဍများ
- သုကထာမြန်မာလများနှင့် ရာသီပန်းများ
- သုကထာ ရဟန္တာနှင့် ထေရီအတ္ထုပ္ပတ္တိ
အေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်ေ၀သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူဖော်ပြထားပါသည်။
Comments
Post a Comment