Skip to main content

သုကထာစာစုထုတ်​ဝေသူ၏ဆန္ဒမွန်

ထုတ်​ေ၀သူ၏ 
 🔰ဆန္ဒမွန် 🔰
သာသိမ်မွေ့သောစကား၊ ကောင်းသော စကား၊ မေတ္တာပြည့်ဝသော စကား၊အစွန်းနှစ်ဖက်လွတ်သော စကား၊ အဓိပ္ပာယ်ပြည့်ဝသောစကား၊ စစ်မှန်သော ကား၊ သစ္စာပြုတိုင်တည်သကဲ့သို့ တည်ကြည်မှန်ကန်သော စကား၊ စေ့စပ် နှိုင်းမှုများအလယ် တည်ကြည်စွာ ပြောဆိုညှိနှိုင်းနိုင်သော စကား၊ အကျိုးရှိမှန်ကန်သော စကားတို့သည် ရိုးရှင်းသလောက် ကျင့်သုံးပြောဆိုရန် ခက်ခဲတတ် သည်။ သို့ရာတွင် ဘုရားရှင်နှင့် တကွ သူတော်စင်တို့သည် အကျိုးရှိ မှန်ကန်သောစကား ပြောဆိုခြင်းအား အထူးအားပေးခဲ့ကြသည်။ မှန်သော စကားကို ဆိုခြင်းသည်သာ လူ့သိက္ခာဟုလည်းဆိုအပ်ပေသည်။ 'သုကထာ' ကောင်းသော စကားကို ဆိုခြင်းအား မြန်မာ့လူဘောင်တွင် ငယ်ရွယ်စဉ်ကပင် အဘိုးအဖွား၊ မိဘ၊ ဆရာသမားတို့မှ စဉ်ဆက်မပြတ် သင်ကြားပို့ချခဲ့ကြပေ သည်။ အရွယ်လွန်သင်ကြား မုသားစကားများသည် ဝန်းကျင်အခြေအနေအရ ပြောဆိုနေကြသော်လည်း စစ်မှန် တည်ကြည်သော “သုကထာ စကား များအား ကျော်လွန်လွှမ်းဖို့ရန် မစွမ်းဆောင်နိုင်ပါချေ။ထို့ကြောင့် မှန်ကန်သော အကြောင်းတရားများ၊ ဝတ္ထုပုံရိပ်များအား စုစည်း တင်ပြခြင်းဖြင့် မြန်မာ့ လူ့ဘောင်တွင် မှန်ကန်သော စကားများ ပိုမိုဖွံ့ထွား၊ လူသုံးများစေရန် စေတနာ ) ရည်သန်၍ “သုကထာ သစ္စာစကားအား အရှေ့ အိမ် စာတည်းအဖွဲ့ မှ ဆိုတည်ပါ သည်။ ဤမှန်သော “သုကထာ” သစ္စာကြောင့် ဗုဒ္ဓသာသနာနှင့် စာပေ အရှိန်အဝါသည် ကမ္ဘာတည်သ၍ ကျယ်ပြန့်စွာ တည်ရှိ ပြန့်ပွားပါစေသား။ ။
                                                                           ထုတ်​ဝေသူ

Comments

တစ်ပတ်အတွင်းဖတ်ရှုမှု အများဆုံး ပိုစ့်များ

​ေမတ္တသုတ်​တော် ဝတ္ထုဖြစ်စဥ်

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၂)

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်       ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။      အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။        ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။          ထိုအခါ...