Skip to main content

မင်္ဂလသုတ်​တော် ဝတ္ထုဖြစ်စဥ်

           မင်္ဂလသုတ်တော် ဝတ္ထုဖြစ်စဉ် 


          ဘုန်းတော်ကြီးတော်မူသော ​ဂေါတမမြတ်စွာဘုရားသည် အနာထပိဏ်သူဌေး ဆေက်လုပ်လှူဒါန်းသော ဇေတဝန် ကျောင်းတော်မှာ စံနေခိုက် လူ့လောကတွင် သတ္တဝါတို့ ကြီးပွားကြောင်းတ 'မင်္ဂလာ' ၏ ဝေါဟာရနှင့် ပတ်သက်၍ ဝိဝါဒကွဲပြား မှုများ ဖြစ်ပေါ်ခဲ့သည်။  

          ကောင်းတာ မြင်ရတာ 'မင်္ဂလာ' ကောင်းတာ ကြားရတာ 'မင်္ဂလာ'၊ ကောင်းတာနှင့် ထိတွေ့ရတာ “မင်္ဂလာ” ဟူ၍ အငြင်းပွားရာမှ အုပ်စုကြီး (၃)စု ဖြစ်ပေါ်ခဲ့ပြီး ထိုအုပ်စု (၃)စုသည် ကိုယ့်အယူမှန် သည်၊ သူ့အယူမှန်သည်ဟု တစ်ဖက်နှင့်တစ်ဖက် စင်မြင့် ဆောက်၍ ရက်ရှည် လများ ဟောကြား ရာမှာ လူတွင်မက ကိုယ့်စောင့်နတ်ချင်းပင်လျှင် ငြင်းခုံကြ လေ၏။ 

             ယင်းပြဿနာသည် ဘုမ္မစိုးနတ်, ရုက္ခစိုးနတ် များမှ တစ်ဆင့် အာလိန်ငါးဆင့်ကို ကျော်ကာ တာဝတိံသာ နတ်သဘင်ထိ အုပ်စုဖွဲ့ကာ ငြင်းခုံပွဲ ကူးစက်လာပြီးနောက် မည်သူမှန်သည်။ မည်သူမှားသည်ကို အဆုံးအဖြတ်ပေးပါရန် သိကြားမင်းထံ ဝင်၍ အဆုံးအဖြတ်ခံယူကြသည်။ 

               ဤတွင် သိကြားမင်းက ဤမင်္ဂလာကိစ္စသည် ကျယ်ဝန်း နက်နဲလှသည်၊ ထို့ကြောင့် လူ့ပြည်တွင် ထင်ရှား ပွင့်တော်မူ နေသော ဂေါတမမြတ်စွာဘုရား သည် သိရှိနိုင်ရာ၏ဟု ဆိုကာ မထင်မရှား နတ်သား တစ်ဦးအား တာဝန်ပေးကာ သန်းခေါင်ယံ အချိန်တွင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး တော်မူသော မြတ်စွာဘုရားအား လျှောက်ထား မေးမြန်းစေ၏။ မြတ်စွာဘုရားက ၃၈-ဖြာ မင်္ဂလာ တရားပါဝင်သည့် မင်္ဂလ သုတ်တော်ကို ဟောတော် မူသည်။ မင်္ဂလသုတ်တော်ကို ရွတ်ဖတ်ပါက ကျက်သရေ အမျိုးမျိုး တိုးပွားခြင်း၊ ကံကောင်းခြင်း၊ ဘုန်းကံ ကြီးမားခြင်းစသော အကျိုးများရနိုင်ပါသည်။ အမှန်စင်စစ် မင်္ဂလသုတ်တော်သည် ရွတ်ရုံသာမက လိုက်နာ ကျင့်ကြံရမည့် တရားများလည်းဖြစ်ပါ သည်။

မင်္ဂလသုတ်ပါဠိ​တော်ဘာဝနာပွားများနိုင်ရန်ဤသည်ကိုနှိပ်ပါ။🙏🙏🙏

                                            ရတနသုတ်​တော် ဝတ္ထုဖြစ်စဥ်>>



ဝယ်ယူဖတ်ရှုလိုပါက ၀၉ ၇၇၄၇၇၈၈၅၅ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်ခင်ဗျာ။

 
အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ ရတနသုတ်​တော် စာအုပ်မှ ကူးယူ​ဖော်ပြထားပါသည်။

အ​​​ေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အ​​ေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။





 
 

Comments

တစ်ပတ်အတွင်းဖတ်ရှုမှု အများဆုံး ပိုစ့်များ

​ေမတ္တသုတ်​တော် ဝတ္ထုဖြစ်စဥ်

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၂)

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်       ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။      အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။        ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။          ထိုအခါ...