Skip to main content

ခန္ဓာနာမ်ရုပ်ထိုဝန်ထုပ်

ခန္ဓာနာမ်ရုပ်ထိုဝန်ထုပ်

 ဦးခေါင်းထက်တွင်၊ ရွက်၍ တင်သည် 
လေးပင်လှသည့် ထိုဝန်ထုပ်။
 ပခုံးထက်တွင်၊ ထမ်း၍တင်သည် 
လေးပင်လှသည့် ထိုဝန်ထုပ်။ 
ကျောကုန်းထက်တွင်၊ ပိုး၍တင်သည် 
 လေးပင်လှသည့် ထိုဝန်ထုပ်။ 
ဝန်ထုပ်များစွာ 
လေးလံပါဘိ၊ ကိုယ်​ပေါ်ပိလည်း 
ကြီးလည်း ဝန်ထုပ်၊ အကျွန်ုပ်တို့ ၊ 
ဖြုတ်ခနဲချ၊၊ နားခွင့်ရက 
ဝန်မှ ကင်းလွတ်နိုင်ခဲ့ပြီ။
ခန္ဓာနာမ်ရုပ်၊ ထိုဝန်ထုပ်လျှင် 
အထုပ်တကာ၊ အလေးဆုံးပါတည့်
 သိသာသိလည်း၊ ထမ်းပိုးမြဲပင် 
ရှောင်လွှဲမရ၊ နားမရနှင့် 
ခန္ဓာဝန်လေး လှသည်။ 
ငါးပါးခန္ဓာ၊ ရရှိလာက 
ခန္ဓာခိုင်းရာ၊ လုပ်ရပါလည်း 
အိုနာသေရေး၊ ကြောက်ဖွယ်ဘေးကို 
ရှောင်ပြေးမရ၊ လွှဲမရနှင့် ၊ 
ဒုက္ခမျိုးစုံ ကြုံခဲ့ပြီ။
 ခန္ဓာဘေးက ကြီးလှသည်။ ။ 
မောင်မောင်မိုးအောင်
(စာပေဗိမာန်စာမူဆုရ )

လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊
​​​ေကျာက်တံတားမြို့နယ်။
ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅
 

အ​​ေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်​ေ၀​သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၂) မှ ကူးယူ​ဖော်ပြထားပါသည်။
 

Comments