ဓမ္မအမေးအေြဖကဏ္ဍ(၃)
မေး = ဆရာခင်ဗျား- ကွယ်လွန်သူအတွက် ရည်စူးပြုလုပ်
သော ရက်လည် ဆွမ်းသွတ်ပွဲမှာ ပရိတ်ရွတ်ပြီးမှ
ရေစက်ချ အမျှဝေသင့်သလား။ (သို့မဟုတ်)
ရေစက်ချအမျှဝေပြီးမှ ပရိတ်ရွတ်သင့်ပါသလား
သိလို ပါသည် ခင်ဗျား။
ေြဖ = ကွယ်လွန်သူကို ရည်စူး၍ ဆွမ်းလှူခြင်းက အလှူဒါန
ပြုလုပ်သော ပွဲတစ်ခုဖြစ်ပါတယ်။ သေလွန်သူသည်
သာဓုခေါ်ရန် လိုအပ်သော အခါ ပြိတ္တာစသည့် ဘဝ
ရောက်နေရင် သာဓုခေါ်ရန် အလှူပွဲသို့ ရောက်လာနိုင်
ပါတယ်။ မည်သူ့ကိုမျှ ဒုက္ခပေးရန် ရောက်လာခြင်း
မဟုတ်ပါ။ ကုသိုလ်အမျှကို သာဓုခေါ်ဖို့ လာခြင်းဖြစ်ပါ
တယ်။ ထို့ကြောင့် ပရိတ်ရွတ်သံကြားရုံနဲ့ ထွက်ပြေး
လိမ့်မည်မဟုတ်ပါ။ ကုသိုလ် အမျှကို သာဓုခေါ်ပါမှ
ပြိတ္တာဘဝက လွတ်မြောက်ရန် လမ်းစတွေ့မည်ဖြစ်၍
သာဓုခေါ်ရန် ကြိုးစားပေလိမ့်မယ်။ တရားနာ ခွင့်ရပါ
ကလည်း တရားနာဖို့ ကြိုးစားပေလိမ့်မယ်။ ယက္ခသံ
ယုတ်လာ ပိယကံရသုတ်နဲ့ ပုနဗ္ဗသုသုတ်တို့ကို
လေ့လာသင့်ပါ တယ်။ (သံ၊ ၁၊ နှာ -၂၁၁)။
သို့ဖြစ်၍ ပရိတ်ရွတ်ခြင်းနဲ့ ရေစက်ချအမျှဝေခြင်းကို
နှစ်သက်သလို ပြုလုပ်နိုင်ပါတယ်။ ။
သုကထာကဗျာအတဲွ(၁) အမှတ်(၁) တွင်ပါ၀င်သော ဓမ္မအမေးအေြဖကဏ္ဍ အပိုင်း (၃) ပြီးပါပြီခင်ဗျာ။အောက်ဖော်ပြပါ အေကြာင်းအရာများကိုနှိပ်၍ ဆက်လက်ဖတ်ရှုနိုင်ပါသည် ခင်ဗျာ။🙏🙏🙏
အေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်ေ၀သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူဖော်ပြထားပါသည်။
အေရှ့အိမ်ပုံနှိပ်တိုက်ထုတ်စာအုပ်များအားဝယ်ယူဖတ်ရှုလိုပါက အမြို့မြို့အနယ်နယ်ရှိ စာအုပ်တိုက်များ (သို့မဟုတ်) အေရှ့အိမ်ုံနှိပ်တိုက်တွင် ဝယ်ယူဖတ်ရှုနိုင်ပါသည်။
Comments
Post a Comment