ရဟန္တာထေရုပ္ပတ္တိ
ထေရုပ္ပတ္တိအကျဉ်းချုပ်
ဘွဲ့တော် ■ အရှင်ဗာကုလ
ရာထူး ■ မဟာသာဝက
ဧတဒဂ် ■ အပ္ပါဗာဓဧတဒဂ်
(အနာရောဂါကင်းခြင်း) ငယ်နာမည် ■ ဗာကုလ
မိဘအမည် ■ ကောသမ္ဘီသူဌေး
ဇာတိ ■ ကောသမ္ဘီပြည်
ဂုဏ်ရည်များ ■ ငယ်စဉ်ကစ ပရိနိဗ္ဗာန်ပြုသည့်တိုင်အောင် အကောင်းဆုံးတို့ကိုသာ သုံးဆောင်ရခြင်း၊ အနာရောဂါကင်းခြင်း။
အရှင်ဗာကုလမထေရ် သည် ဂေါတမမြတ်စွာရား လက်ထက်၌ အနာရောဂါကင်း ပြီး ကျန်းမာသော မထေရ် အဖြစ် ထင်ရှားကျော်ကြားလေ ၏။ ဤကမ္ဘာမှ ပြန်၍ ရေတွက် သည်ရှိသော် လွန်လေပြီးသော တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထက်၌ ရား(၃)ဆူပွင့်သော ဝရကမ္ဘာဝယ် အရှင် ဗာကုလ မထေရ် လောင်းလျာသည် အနောမဒဿီမြတ်စွာဘုရား ခြေတော်ရင်း၌ ဆုပန်ခဲ့ ၏။ အရှင်ဗာကုလမထေရ်လောင်း လျာသည် တောထဲ၌ ရသေ့ ဝတ်ပြီး တရားအားထုတ် နေ ၏။ ထို အချိန်ဝယ် အနောမ ဒဿီ မြတ်စွာဘုရားသည် ရဟန္တာပေါင်းများစွာ ခြံရံလျက် ထို တောအုပ်သို့ ရောက်တော် မူ လာ ၏ ။ အ ရှင် ဗာကု လ မထေရ်လောင်းလျာ ရသေ့သည် အနောမဒဿီ မြတ်စွာ ဘုရားလေနာရောဂါ ခံစား နေ ရကြောင်း သိ ရ၏ ။ ရသေ့သည် လေနာရောဂါ
ပျောက်ဆေးကို ဖော်စပ်ပြီး အနောမဒဿီ မြတ်စွာ ဘုရားရောဂါ ပျောက်ကင်း
အောင် ပြုစုကုသပေးခဲ့၏။ “ဘ၀သံသရာ ကျင်လည်ရ သမျှ ကာလပတ်လုံး တပည့်တော်၏ ကိုယ်ခန္ဓာ သည် နွားနို့ တစ် ညှ စ် စာ အ ချိန် ကလေးလောက် မျှ အနာရောဂါမဖြစ်ပါစေသား ဘုရား”ဟု ဆုတောင်းခဲ့၏။
တဖန်လွန်လေပြီးသော ကမ္ဘာတစ်သိန်းထက် က ရားတစ်ဆူသာ ပွင့်သော သာရကမ္ဘာ၌ ပဒုမုတ္တရ မြတ်စွာဘုရားပွင့် တော်မူ လေ၏။ အရှင်ဗာကုလမထေရ်
လောင်းလျာသည် ဟံသာဝတီ ပြည်၌ အမျိုးကောင်းသားတစ်ဦးဖြစ်ခဲ့ပြီး ဒါနကုသိုလ်များ ပြုလုပ်ကာ ဆေးစသော ပစ္စည်းများ လှူဒါန်းပြီး “နောင်သောအခါတွင် အနာရောဂါကင်းခြင်း၌ ဧတဒဂ်ရာထူး ပိုင်ဆိုင်ရပါလို၏”ဟု ဆုတောင်းခဲ့၏။
လွန်လေပြီးသော ၉၁-ကမ္ဘာထက်၌ ရား တစ်ဆူသာပွင့်သော သာရကမ္ဘာဝယ် ဝိပဿီ မြတ်စွာဘုရားပွင့်တော်မူ၏။ အရှင်ဗာကုလမထေရ်လောင်းလျာသည် တောထဲ၌ ရသေ့ဝတ်နေစဉ် ဝိပဿီမြတ်စွာဘုရားသည် ရဟန္တာပေါင်းခြောက်သိန်း ရှစ်သောင်း ခြံရံလျက် ဗန္ဓုမတီပြည်၌ သီတင်းသုံးနေ၏ ။ ထို အချိန်ကာလသည် နွေဦးကာလဖြစ်သောကြောင့် တောတွင်း၌ အလေ့ကျ ပေါက်နေသော အဆိပ်ပန်းပင်တို့ ၏ ဝတ်မှုန်၊ ရနံ့တို့ သည် လေထဲဝယ်ပျံ့နှံ့နေ၏။ မြတ်စွာရား နှင့် အဂ္ဂသာဝက နှစ်ပါးမှလွဲ၍ ကျန်ရဟန်းတို့သည် အဆိပ်ပန်းသင့်သော လေကို ရှူရှိုက်မိကြကုန်သည်ရှိသော် နှာမွှန်ပြီးချေဆတ်ကြကုန်၏။
အရှင်ဗာကုလမထေရ်၏ ပါရမီခန်း
အရှင်ဗာကုလမထေရ်လောင်းလျာသည် ဆေးဖော်စပ်ကာ ရောဂါ ပျောက်ကင်းအောင် ကုသပေးလေ၏။ ရဟန်းများ ကျန်းမာသွားသောအခါ “နောင်အခါဝယ် အနာရောဂါ ကင်းစဉ်သည့်အရာ၌ ပါရမီခန်း
ဧတဒဂ်ဘွဲ့ထူး ရရှိပါလို၏ ဘုရား” ဟု ဆုထူး ပန်ဆင်ခဲ့၏။
ဘုရားငါးဆူပွင့်သော ဤဘာ့ကမ္ဘာထက်ဝယ် ကဿပ မြတ်စွာဘုရားပွင့်တော်မူလေ၏။ ကဿပမြတ်စွာဘုရားလက်ထက်၌ အရှင်ဗာကုလမထေရ်လောင်းလျာသည် ဆင်းရဲသား တစ်ဦး ဖြစ်ခဲ့၏။ တစ်နေ့သောအခါ လယ်သမားများနှင့် အတူ အိမ်ပြင်ဆောက်ရန်အတွက် တောထဲသို့ သစ်ခုတ်ဝင်ခဲ့၏။ တောထဲသို့ ရောက်သောအခါ အရှင်ဗာကုလမထေရ်လောင်းလျာနှင့် သူ၏ မိတ်ဆွေတို့သည် ဟောင်းနွမ်းပြီး ပြိုကျလုနီးနီးဖြစ်နေသော ရဟန်းတော်များ တရားအားထုတ်ရာ
ကျောင်းဆောင်တစ်ခုကို တွေ့ရ၏။ အရှင်ဗာကုလမထေရ်လောင်းလျာသည် ကျောင်းဆောင် ကို ပြုပြင်ပေးလိုစိတ်များ ဖြစ်ပေါ်လာခဲ့၏။ “ကျောင်းဆောင်ကို အရင်ပြင်ရမလား၊ ငါနေသော မိသားစုအိမ်ကို အရင်ပြင်ရမလား” ဟု ဒွိဟစိတ်ဖြစ်ပေါ်နေပြီး နောက်ဆုံးတွင် “ငါ့ အိမ်ကို မပြင်လျှင် ငါ့မိသားစုသုံးဦးသာ ခေတ္တခဏဒုက္ခတွေ့မည်၊ ကျောင်းဆောင်ကို မပြင်လျှင် ရဟန်း
တော်များရော သာသနာတော်ကို ဆည်းကပ်သူများပါ အခက်တွေ့မည်၊ ဒါကြောင့် ကျောင်းကို အရင်ပြင်ပေးရမည်”ဟု စိတ်ဆုံးဖြတ်လိုက်၏။ အရှင်ဗာကုလလောင်းလျာသည် ကျောင်းကို ပြုပြင်နေရင်း သဒ္ဓါစိတ်ပိုမိုယိုဖိတ်လာပြီး ရေအိမ်သန့်စင်ခန်း၊ ရေချိုးခန်း၊ မီးတင်းကုပ်စသော နေရာများကိုပါ ဆောက်လုပ်လှူဒါန်းခဲ့၏ ။
ဂေါတမမြတ်စွာဘုရားလက်ထက်တော်၌ အရှင်ဗာကုလမထေရ်လောင်းလျာသည် မြတ်စွာဘုရားမပွင့်သေးမီကာလမှာပင် ကောသမ္ဘီပြည် သူဌေးကြီးတစ်ဦးအိမ်ဝယ် ပဋိသန္ဓေ တည်နေ၏။ ဖွားမြင်ပြီး ငါးရက်မြောက်နေ့တွင် သူဌေးကတော်ကြီးသည် ဘုန်းကံကြီးမား သားရတနာလေးကို အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေကင်းကြောင်း ရည်ရွယ်ဆုတောင်း၍ ယမုံနာမြစ်အတွင်း ရေချိုးမင်္ဂလာပြုဖို့ အခမ်းအနားနှင့်တကွ ဖို့ စေ၏။ ထိုခေတ်အခါက ယမုံနာမြစ်ရေဖြင့် ရေချိုးလျှင် မင်္ဂလာရှိ၏ဟု အယူရှိလေကုန်၏။ အထိန်းတော် အကြီးအကဲသည် သားလှရတနာလေးကို လက်နှစ်ဖက်ဖြင့် သေချာစွာကိုင်ပြီး ယမုံနာမြစ်အတွင်း ငုပ်ချည်ပေါ် ချည် ရေချိုးပေးနေ၏။
ထို အချိန်တွင် ကြီးမားသော ငါးကြီး တစ်ကောင်သည် ကလေးငယ်ကို အစာ အမှတ်ဖြင့် ပြေးဟပ်ဖို့ အရှိန်ဖြင့် အနား ကပ် လာ၏။ အထိန်းတော် များ၏ အကြီးအမှူးသည် ရုတ်တရက် ငါးကြီး
ကို မြင် သော အ ခါ ထိတ်လန့်ပြီး ကလေးငယ် ကို လွှတ်ချ မိ ရက် သား ဖြစ်သွား၏။ ငါးကြီးသည်ကလေးငယ်ကို အစာအမှတ်ဖြင့် တစ်လုတ်တည်း မျိုချ လိုက်လေ၏။
အရှင်ဗာကုလလောင်းလျာ ကလေးငယ်သည် ငါး၏ ဝမ်းဗိုက် အ တွင်းရောက် သွားသော် လည်း အသက်မသေပါချေ။ ရဟန္တာဖြစ်မည့် ပါရမီပါလာသူ သည် ရဟန္တာဖြစ်မည့် နောက်ဆုံးတွင် သူတစ်ပါးပယောဂ ကြောင့် သေရိုးထုံးစံမရှိပါချေ။
အရှင် ဗာကု လလောင်းလျာ ကလေးငယ်သည် ငါးကြီး၏ဝမ်းဗိုက်ထဲ တွင် ဆင်းရဲဒုက္ခ မရောက်ရဘဲ အိပ်ရာ ပုခက်ဝယ် အိပ်စက်လဲလျောင်းရသကဲ့ သို့ ချမ်းသာစွာရှိနေခဲ့၏။ ကလေးငယ် ၏ ပါရမီန်းရှိန်ကြောင့် ငါးကြီးသည် ပူလောင်ပြင်းပြသော ဝေဒနာခံစားရပြီး ယမုံနာမြစ် ရေစီးကြောင်းအတိုင်း မျောပါ သွားလေ၏။ ဗာရာဏသီပြည် မြစ်ကမ်းနားတစ်ခုတွင် တံငါသည်တို့၏ ပိုက်ကွန်၌ ငြိကပ်မိ၏။ တံငါသည်တို့သည် ငါးကြီး ကို သယ်ဆောင်ကာ ဗာရာဏသီမြို့တွင်း လှည့်လည်ရောင်းချ၏။ ဗာရာဏသီမြို့ နေ သူဌေးဇနီးမောင်နှံနှစ်ယောက်သည် သားသမီးရတနာ မရရှိ သောကြောင့် သားသမီးရတနာ ရရန်လိုချင်တောင့်တ နေသောကာလ ဖြစ်၏။ ထိုဇနီးမောင်နှံ သည် ငါးကြီးကို အကောင်လိုက် ဝယ်ယူ ၏။ တစ်ခါမျှ သားငါးမကိုင်တွယ်
သော သူဌေးကတော်ကြီးသည် ငါးကြီး လက်ထဲရောက်လာသောအခါတွင် ကိုယ်တိုင် လုပ်ကိုင်လိုစိတ်ပေါ်လာ၏။ သူဌေးကတော် ကြီးသည် ငါးကြီးကို ဝမ်းဗိုက်မှ မခွဲဘ
ကျော်ကျော်မှ စတင်၍ ဓားနှင့် ခွဲ ရာ ဝမ်းဗိုက်အတွင်း အိပ်ပျော် နေသော ရွှေအဆင်းပမာ ဝါဝင်းပြီး ချစ်စဖွယ် သားငယ်လေးကို တွေ့ရ၏။
သူဌေးကတော်ကြီးသည် ကလေးငယ်ကို ဝမ်းသာအားရ ပွေ့ချီပြီး သူဌေးကြီးကို ပြ၏။
သူဌေး ကြီးသည် မင်းကြီးအား ဆက်သပြီး အကြောင်းစုံလျှောက်ထား၏။ မင်းကြီးသည် သူဌေးဇနီးမောင်နှံ မွေးစားရန် ပေးလိုက်၏။ သားသမီးလို ချင် နေသော သူဌေးဇနီးမောင်နှံသည် ဝမ်းမြောက်ဝမ်းသာ သားအဖြစ် မွေးမြူလေ၏။
မိဘအရင်းဖြစ်သော ကောသမ္ဘီသူဌေးကြီးသည် စိုးရိမ်ပူပန်မှု များစွာဖြင့် ယမုံနာမြစ် ကြောင်း တစ်လျှောက် စုန်ဆန်သွား၍ သားအကြောင်း စုံစမ်း နေစဉ်နောက်ဆုံးတွင် တံငါသည်များနှင့် တွေ့ဆုံပြီး ဗာရာဏသီမြို့ မွေးစားမိဘများထံ ရောက်သွား၏ ။ “သူ့သားဖြစ်သည်၊ ငါ့သားဖြစ်သည်”ဟု အငြင်းပွား ရာမှ မင်းကြီးထံ ရောက်သွားကုန် ၏။ မင်းကြီးသည် မည်သူ့ကိုမျှ အသာပေးပြီး အနိုင်ရအောင် မဆုံးဖြတ်နိုင် သဖြင့် “ဤသူ ငယ်သည် ကောသမ္ဘီ သူ ဌေးအိမ်၊ ဗာရာဏသီသူဌေးအိမ် အိမ်နှစ်ခုလုံး၏ အမွေခံဖြစ်စေ” ဟု အမိန့်ချမှတ်ခဲ့၏။ ထိုအချိန်မှစ၍ ကလေးငယ်သည် သူ နှစ်ဦးအိမ်တော်တွင် အလှည့်ကျနေထိုင်ရလေ
တော့၏။ ကလေးငယ်ကို ဗာကုလ သူဌေးသားဟု အမည်ပေး၏။ (“ဗာ” နှစ်ခုသော၊ “ကုလ” မိသားစု၊ အမျိုး။ “ဗာကုလ”မိသားစုအမျိုးနှစ်ခုရှိသူ။) ဗာကုလ သူဌေးသားသည် အသက် ၈၀ ထိတိုင် သူဌေးနှစ်အိမ် တို့၌ စည်းစိမ်ချမ်းသာကို ခံစားရ၏။
ဗာကုလသူဌေးသား အသက် ၈ဝ ပြည့်ချိန်တွင် မြတ်စွာဘုရားသည် ကောသမ္ဘီ ပြည် သို့ ကြွလာ၏။ ဗာကုလသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားပြီး
သောအခါ ရဟန်းပြုခဲ့၏။ ရဟန်းဖြစ်ပြီး၍ ၇- ရက်ကျော်သောအခါ ရဟန္တာဖြစ်တော် မူ၏။ ရဟန်းဘနှစ်ပေါင်း ၈၀ ကာလ အတွင်း အရှင်ဗာကုလသည် အိပ်ရာ၊ နံရံ၊ တိုင်ကို မှီပြီး တစ်ခါမျှ မကျိန်းစက်ချာပါပေ။ သက်တော် ၁၆၀ ကာလအတွင်း အနာရောဂါ မဖြစ်ဘူပါပေ။ ဆေးအဖြစ် သျှိသျှားသီး တစ်စိတ်မျှကိုပင် မဘုဥ်းပေးသူပါချေ။
သီတင်းသုံးဖော်ရဟန်းတို့ သည် အရှင်ဗာကုလမထေရ်မြတ်ကို တစ်ခါမျှ နှိပ်နင်းပေးရခြင်းမရှိဘပါချေ။ ထို့ကြောင့် မြတ်စွာဘုရားသည် အရှင်ဗာကုလမထေရ် ကို ကျန်းမာခြင်း၌ ဧတဒဂ်ရာထူးချီးမြှင့် တော်မူ၏။
အရှင်ဗာကုလမထေရ် သက်တော် ၁၆၀ပြည့်ပြီး၍ ပရိနိဗ္ဗာန် ဝင်စံချိန်ရောက်သောအခါ အရှင်ဗာကုလမထေရ် သည် သံဃာများ စုဝေးစေပြီး သံဃာများ အလယ်တွင် ထိုင်တော်မူလျက် ပရိနိဗ္ဗာန်ပြု
တော်မူ၏။ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ချက်ချင်းပင် အ ရှင် ဗာကုလမထေရ် ၏ ရုပ်ကလာပ်တော်သည် တေဇောမီးလောင်ကျွမ်း ကာ မုလေးပန်းအဆင်းရှိသော ဓာတ်တော်များ ကြွင်းကျန်ရစ်တော်မူ၏။ ။ ထက်လင်းအောင်(မင်းဇံ) မကောင်းမေတ္တာ၊ ကောင်းရာညွှန်လျက်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင်ဖခင် မယ်တို့တာ။ သားသမီးဝတ် ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ဝတ်ငါးသွယ်
သားတို့တာ။ အောက်ဖော်ပြပါ အေကြာင်းအရာများကိုနှိပ်၍ ဆက်လက်ဖတ်ရှု နိုင်ပါသည် ခင်ဗျာ။🙏🙏🙏
အေရှ့အိမ်ပုံနှိပ်တိုက်၏ မူပိုင် အဖြစ်ထုတ်ေ၀သောစာအုပ်များမှ သုကထာ စာစဥ်အတဲွ (၁) အမှတ် (၁) မှ ကူးယူဖော်ပြထားပါသည်။ |
Comments
Post a Comment