Skip to main content

သုကထာစာစုများ အတွဲ(၁) အမှတ်(၂) မှ ထုတ်​​ဝေသူ၏ ဆန္ဒမွန်

    မင်္ဂလာပါ မြန်မာ
               ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှ လူများသည် တစ်ယောက်နှင့် တစ်ယောက် ဆံမိကြသောအခါ နှုတ်ခွန်းဆက်စကား ပြောကြသည်။ နိုင်ငံ၊ လူမျိုးနှင့် ပြောဆိုကြသည့် ဘာသာစကားမတူညီကြသော်လည်း နှုတ်ခွန်းဆက် စကား ပြောဆိုသော ဓလေ့မှာ အတူတူပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုးရာဘာသာယဉ်ကျေးမှုနှင့် ကိုက်ညီစွာ“မင်္ဂလာပါ” ဟု နတ်ခွန်းဆက်သကြသည်။ စာသင်ခန်း များတွင် ၎င်း၊ အခမ်းအနားများတွင်၎င်း၊ တွေ့ဆုံ နတ်ဆက်သောအခါ တွင်၎င်း “မင်္ဂလာ”ပါပြောဆိုလေ့ရှိသည်။ မင်္ဂလာရှိပါစေ၊ မင်္ဂလာတရားနှင့် ပြည့်စုံပါစေဟူသောအဓိပ္ပာယ်ဖြင့် နှုတ်ခွန်းဆက်သခြင်းဖြစ်သည်။ “မင်္ဂလာပါ” ဟူသော စကားသည် မင်္ဂလသုတ်မှ ဆင်းသက်လာ ခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားတော်မူသော မင်္ဂလသုတ်သည် လောကီလူသားများ ကြီးပွားချမ်းသာရေး အတွက် အဓိကထား၍ ညွန်ကြားခဲ့သော တရားတော်ဖြစ်သည်။ မင်္ဂလသုတ်လာ တရားများကို လိုက်နာကျင့်ကြံသော သူသည် မင်္ဂလာရှိပြီး ကြီးပွားတိုးတက်နိုင်သည်။ ရှေးလူကြီးများသည် အဓိပ္ပာယ်ပြည့်ဝစွာဖြင့် “မင်္ဂလာ”ဟုနှုတ်ခွန်းဆက်သခြင်းဖြစ်သည်။
                အမှန်စင်စစ် “မင်္ဂလာပါ”ဟူသော စကားသည် ကောင်းသောစကား “သုကထာ”ဖြစ်သည်။ မင်္ဂလသုတ်တွင်လာသော “သုဘာသိတဝါစာ” ကောင်းမွန်ချိုသာသော စကားကို ပြောဆိုခြင်းသည် မင်္ဂလာမည်၏ ဟူသော အချက်သည် “သုကထာ” ပင်ဖြစ်သည်။ ထို့ကြောင့်မင်္ဂလာပါဟုနှုတ်ခွန်းဆက်သခြင်းသည်“သုကထာ”စကားပြောခြင်းဖြစ်သည်။
          နိုင်ငံခြားသား ဧည့်သည်များသည် မြန်မာနိုင်ငံသို့ ရောက်လာကြသောအခါ စကား မပကလာ ပီကလာဖြင့် “မင်္ဂလာ”ဟု လေးစားမြတ်နိုး တန်ဖိုးထား၍ နှုတ်ခွန်းဆက်တတ်ကြ သည်။ “မင်္ဂလာ”ပါဟု အဓိပ္ပာယ်ပြည့်ဝစွာ နှုတ်ခွန်းဆက်လေ့ရှိသော မြန်မာနိုင်ငံသူ နိုင်ငံသား များသည် သုကထာ” ဂုဏ်နှင့်ပြည့်စုံသော မင်္ဂလာတရားများကို လိုက်နာကျင့်သုံးနိုင်ကြပြီး ကြီးပွားတိုးတက်၍ မင်္ဂလာရှိသော နိုင်ငံသားများဖြစ်ကြပါစေဟု မေတ္တာရည် ဆန္ဒပြုလိုက်ရ ပါသည်။ 
                                                         မင်္ဂလာရှိကြပါစေ  
                                                    သုကထာ အယ်ဒီတာအဖွဲ့

Comments

တစ်ပတ်အတွင်းဖတ်ရှုမှု အများဆုံး ပိုစ့်များ

​ေမတ္တသုတ်​တော် ဝတ္ထုဖြစ်စဥ်

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

အံ့ဖွယ်​ေြခရာ​တော် အပိုင်း(၂)

​ရေးသား​နေစဲဖြစ်၍ ​အောက်​ဖော်ပြပါစာအုပ်တွင်ဝယ်ယူဖတ်ရှုနိုင်ပါသည်။ လိပ်စာ -အမှတ်(၁၈၂)၊ ၃၅လမ်း(အလယ်ဘ​​လောက်)၊ ​​​ေကျာက်တံတားမြို့နယ်။ ဖုန်းနံပါတ် - ၀၉ ၇၇၄ ၇၇၈၈၅၅

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်       ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။      အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။        ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။          ထိုအခါ...