Skip to main content

Posts

Showing posts from July, 2020

ရတနသုတ်ပါဠိ​တော်

   ရတနသုတ်       ၁။     ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ  ဒသ ပါရမိယော, ဒသ ဥပပါရမိယော ဒသ ပရမတ္ထပါရမိယောတိ သမတ္တိံသ  ပါရမိယော, ပဉ္စ မဟာပရိစ္စာဂေ လောကတ္ထစရိယံ ဉာတတ္ထစရိယံ  ဗုဒ္ဓတ္ထစရိယန္တိ တိဿာ စရိယာယော  ပစ္ဆိမဘဝေ ဂဗ္ဗေက္ကန္တိ ံ ဇာတိ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရဝိဇယံ သဗ္ဗညုတညာဏပ္ပဋိဝေဓ  ဓမ္မစက္ကပ္ပဝတ္တနံ၊ န၀ လောကုတ္တရဓမ္မတိ  သဗ္ဗပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယာ တီသု ပါကာရန္တရေသု  တိယာမရတ္တိ ပရိတ္တံ ကရောန္တာ   အာယသ္မာ အာနန္ဒထွေရော ဝိယ  ကာရုညစိတ္တံ ဥပဋ္ဌပေတွာ  ၂။    ကာဋီသတသဟဿသု၊ စက္ကဝါဠသု ဒေ၀တာ။  ယဿာ”ဏံ ပဋိဂ္ဂဏှန္တိ၊  ယဉ္စ ဝေသာလိယာ ပုရေ။  ၃။     ရောဂါမနုဿ ဒုဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ။  ခိပ္ပ မန္တရဓာပေသိ၊  ပရိတ္တံ တံ ဘဏာမ ဟေ။   ၄။      ယာနီဓ ဘူတာနိ သမာဂတာနိ၊  ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။  သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု။  အထာပိ သက္ကစ္စ သုဏန္တ၊ ဘာသိတံ။  ၅။    တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ  မေတ္တံ ကရောထ မာနုသိယာ ပဇာယ။  ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ ၊  တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။   ၆။      ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊  သတ္တေသု ဝါ ယံ ရတနံ ပဏီတံ။  န နော သမံ အတ္ထိ တထာဂတေန၊  ဣဒမ္ပိ ဗုဒ္

တန်ရုံ​လေရွာလိုက်ပါ့

တန်ရူံ​လေ ရွာလိုက်ပါ့   ​​တောင်ဆီမှာ မိှုင်းလဲ့လဲ့ ဆိုင်းတွဲ့တဲွ့​ေ၀ရီ သိုင်းချဲ့ချဲ့​​​ေပွလီ ​လေချီချီ​ေ၀့​​ေပြး တိမ်ပြာမှုိင်း အက်​​ေကြာင်းထင် ထက်​ကောင်းကင် လျှပ်ပြက်သံ​ပေး ဝိုးကထဲ ၀င်း၀င်းဝါ လင်းလင်းဖြာ လက်​​ေဖွး ပြင်းပြင်းစွာ အချက်​ပေး ြမည်​​​ေကျွးလိူ့ တုန်ခါ ကျဆင်းရာ ​ရေမြားတို့ ​​​ေငွအလား ထင်ရ​ပေတာ။ ​ဝေါခနဲ ​​​ေစွရွာ ​လေနှင်ကာ မိုး​​ေတွသည်း ဖြိုး​​ေစွဆဲ စိပ်စိပ်​​ေစွ​​ေစွ တိတ်တိတ်နိုင်​ပေ။ မိုးနတ်မင်း အမ္ဗုန်​ရေ တန်ရုံ​လေ ရွာလိုက်ပါ့​လေး။                                                                     သူရ​ဇော် << နှစ်ကိုယ်​​​ေတွ့မှ ရွာပါမိုး              ခန္ဓာနာမ်ရုပ် ထို၀န်ထုပ်>>

နှစ်ကိုယ်​​ေတွ့မှ ရွာပါမိုး

နှစ်ကိုယ် ေတွ့မှ ရွာပါမိုး   အမ္ဗုန္ဓ္ဝဠာဟရယ်က၊ အာဏာပြပြင်းထန်  ငါသာပတင်းပြန်တယ်၊ မင်းဆန်တဲ့​​​ေရွှမိုး  ကိုးခွင်ပိတ်ပြာမှုန်တယ်၊  ရာဇဂုဏ် ြခိမ်းသံနှင့်ကြိုး  မကြည်သူ့တစ်ကိုယ်​ရေကို၊          အို-​သေ​စေမူပျိုး               ဆို​ေ​လ​လေသူတိုးလို့         ဆိုးပါနဲ့ နတ်​​ေဆွ။                         မစုံသူ​ဖော်နဲ့​ေ၀းခိုက်မို့၊            ​​​ေြမှာ်​​ေတွးလို့ ဆိုင်းငံပါ​လေ။                    ပန်းသတဲ့သည်​ညောင်​​ေတွမှာ၊                   ခင်​မောင်​မေ နှစ်ကိုယ်​​​ေတွ့ခါမှ                ပိုသ​ွေ့ရက်ပြန်တစ်ရာ၊ ချုန်းသွန်လို့ရွာ                           မုန်းပါဘု မိုးဝဠာရယ်                       ကိုးကမ္ဘာ​​​ေစွဦး​တော့​လေး။                                                                   စ​လေဦးပုည တန်ရုံ​လေးရွာလိုက်ပါ့ (ကဗျာ) >>

တ​ပေါင်းလ

      တ​ပေါင်းလ     တ​ပေါင်းလပြည့်​နေ့ကို မြတ်စွာဘုရား ပြည်​တော်ဝင် အခါ​တော်​နေ့ အဖြစ် သတ်မှတ်ကြကုန်၏။ ထို​နေ့တွင် ကာဠုဒါယီမ​ထေရ်မှ ဘုရားရှင်အား ကပိလဝတ်​နေပြည်​တော်သို့ ကြွ​ရောက်​တော်မူရန် ​​ေလျှာက်ထားသည်ကို အ​​ေကြာင်းပြု၍ သတ်မှတ်ခြင်း ဖြစ်၏။     ြမတ်စွာဘုရားသည် ရာဇဂြိုလ် ​ဝေဠုဝန်​​ေကျာင်း၌ သီတင်းသုံး​နေစဥ် အင်္ဂတုိင်းနှင့် မဂဓတုိင်းသားတုိ့အား တရား​ရေ​အေး အမြိုက်​ဆေးတုိက်​​ေကျွးလျက် ဥရု​ဝေလ ကဿပ ညီ​နောင်သုံး                                                   ဦးနှင့် ​နောက်ပါ ရ​သေ့တစ်ထောင်                                           တို့ကို ဧဟိဘိက္ခု ရဟန္တာများဖြစ်                                           ​စေကာ သာသနာ့​ဘောင်                                           သို့သွတ်သွင်းခဲ့၏။ ြမတ်စွာဘုရား၏ ခမည်း​​တော် သု​ဒ္ဓေါဒနမင်းကြီးသည် မြတ်စွာဘုရားနှင့် ပတ်သက်​သော သတင်းများကို အမြဲ စုံစမ်း​နေ၏။ မြတ်စွာဘုရားရှင်၏ ကြည်ညိုဖွယ် ဝမ်းသားဖွယ် သတင်းများကို ကြားရ​သောအခါ သား​တော်ဘုရားကိုဖူး​ ​​​​​ ​ေတွ့လိုစိတ်များ ဖြစ်​ပေါ်လာ​လေ၏။ ထို့​ေကြာင့် သု​ဒ္ဓေါဒနမင်းကြီးသည် အမတ်တစ်ဦးကို အခြံအရံတစ်​ထောင်မျှြဖင့်

ကံ့​ကော်ပန်း

               ကံ့​ကော်ပန် း              တန်ခူးလ၏ အထိမ်းအမှတ်ပန်းသည် ကံ့ကော်ပန်းဖြစ်၏။ ကံ့ကော် (Gangaw) ၏ရုက္ခ​ဗေဒအမည်မှာMesua Ferreaြဖစ်၏။ မျိုးရင်းမှာ Calophyllaceae ဖြစ်၏။                ကံ့ကော်သည် မူလဖြစ်ထွန်းရာ အထက်မြန်မာနိုင်ငံနှင့် တနင်္သာရီနယ်တို့တွင် အမြင့်ပေ-၈ဝ၊ လုံးပတ် ဆယ်ပေထိရှိသော အရိပ်အာဝါသကောင်းသည့် သစ်ပင် မျိုးဖြစ်သည်။ အမြဲစိမ်းပင်ကြီးမျိုးဖြစ်၏ ။ ပင်စည်ဖြောင့်မတ်၍ အခေါက်ကြမ်းသည်။ အကိုင်းအခက်များစွာ ဖြာထွက်သည်။               အရွက်သည် ရှည်မျောမျောပုံ ဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းဝိုင်း သို့မဟုတ် ချွန်သည်။ နုသောအခါ နီ၍ ရင့်သောအခါ စိမ်းလျက် ကျောက်တွင် အဖြူရောင်အမှုန်ကလေးများရှိသည်။ ရွက်ကြောများ နီးကပ်၍ ထင်ရှားသည်။ အပွင့်သည် တစ်ပွင့်တည်း (သို့မဟုတ်) စုပွင့်သည်။ အချင်းတစ်လက်မမှ သုံးလက်မအထိရှိပြီး ပွင့်ဖတ်အဖြူရောင်ရှိသည်။ အလယ်တွင် ဝါ၍ မွှေးပျံ့သော ဝတ်ဆံတို့သည် တစ်စုတဝေးတည်း လုံးထွေးနေ၏ ။                 မြန်မာ့ဆေးကျမ်းများ အလိုအရ ကံ့ကော်သည် ဆေးဖက်ဝင်လှ၏။ အစာကို ကြေစေ၏။ သွေးဖောက်ပြန်ခြင်း၊ နှလုံးနာကျင် ခြင်း၊ အဆိပ်သင့်ခြင်း၊ ဆီးအိမ်နာခြင်း၊ ရောင်ရမ်းခြင်းများကို ပျောက်စေနိ

လူအစစ်လူဖြစ်ဖို့လိုသည် 

လူအစစ်လူဖြစ်ဖို့လိုသည်        လက်ငင်းဒိဋ္ဌ စိတ်ချမ်းသာဖို့ အတွက် မနာလိုမှုရှင်းရမည်။ ဝန်တိုခြင်း ကင်းရမည် ဖြစ်ပါသည်။ စိတ်အေးချမ်းမှု ရယူ တရားအားထုတ်မှုဖြောင့်မည်။ ဝိပဿနာတရား အားထုတ်ခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ အဓိကလုပ်ငန်း ဖြစ်ပါသည်။       “ထိမှုပေါ်တွင်၊ သတိဝင်၊ သိလျှင် ချမ်းသာမည်” ဟု ကျေးဇူးရှင် စွန်းလွန်းဆရာတော်ကြီး မိန့်ကြားခဲ့ သည်မှာ တိုတိုနှင့် ထိမိလှသော တရား ဖြစ်သည်။ သတ္တဝါတိုင်း၊ လူတိုင်း အသက်ရှူ နေကြသည်။ သို့သော်အသက်ရှမှုကို သတိမထားကြ။ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် အသက်မသေအောင် လေကို ရှူရှိုက်နေကြသည်။ တိုးလို့ တိုးမှန်းမသိ၊ ထိလို့ ထိမှန်းမသိ၊ “သတိလက်လွတ်၊ ငှက်တောင်ကျွတ်, သဖွယ်ဖြစ်နေသည်။       နေရာတိုင်းမှာ သတိသည် အရေးကြီး၏။ စားသတိ၊ သွားသတိ၊ လာသတိ၊ ထိုင်သတိ၊ ထသတိ စသည်ဖြင့် အသိနှင့် သတိရှိဖို့လိုသည်။ သတိ မရှိလျှင် အသိမရှိနိုင်ပေ။ အသိမရှိလျှင် ကောင်းမှုကုသိုလ်နှင့် ဝေးမည်။      အသက်ရှူတဲ့အခါ နှာသီးဖျားမှ လေဝင် လာသည်။ လေသည် အဝင်ရော အထွက်ပါ နှာသီးဖျားကို ထိသည်။ ထိုသို့ ဝင်လေ ထွက်လေ နှာသီးဖျားကို ထိသည့်အခါ ထိမှန်းသိအောင် သတိဖြင့် စောင့်ကြည့်ရာ၏။ ဝင်လေ ထွက်လေသည် ဝါယောဓာတ် ရုပ်တရား၊

ဓမ္မအ​မေးအ​​ေြဖကဏ္ဍ (၃)

        ဓမ္မအ​မေးအ​​​ေြဖကဏ္ဍ(၃) ​မေး = ဆရာခင်ဗျား- ကွယ်လွန်သူအတွက် ရည်စူးပြုလုပ်            သော ရက်လည် ဆွမ်းသွတ်ပွဲမှာ ပရိတ်ရွတ်ပြီးမှ             ရေစက်ချ အမျှဝေသင့်သလား။ (သို့မဟုတ်)            ရေစက်ချအမျှဝေပြီးမှ ပရိတ်ရွတ်သင့်ပါသလား            သိလို ပါသည် ခင်ဗျား။  ​ေြဖ = ကွယ်လွန်သူကို ရည်စူး၍ ဆွမ်းလှူခြင်းက အလှူဒါန           ပြုလုပ်သော ပွဲတစ်ခုဖြစ်ပါတယ်။ သေလွန်သူသည်           သာဓုခေါ်ရန် လိုအပ်သော အခါ ပြိတ္တာစသည့် ဘဝ           ရောက်နေရင် သာဓုခေါ်ရန် အလှူပွဲသို့ ရောက်လာနိုင်           ပါတယ်။ မည်သူ့ကိုမျှ ဒုက္ခပေးရန် ရောက်လာခြင်း           မဟုတ်ပါ။ ကုသိုလ်အမျှကို သာဓုခေါ်ဖို့ လာခြင်းဖြစ်ပါ           တယ်။ ထို့ကြောင့် ပရိတ်ရွတ်သံကြားရုံနဲ့ ထွက်ပြေး           လိမ့်မည်မဟုတ်ပါ။ ကုသိုလ် အမျှကို သာဓုခေါ်ပါမှ           ပြိတ္တာဘဝက လွတ်မြောက်ရန် လမ်းစတွေ့မည်ဖြစ်၍           သာဓုခေါ်ရန် ကြိုးစားပေလိမ့်မယ်။ တရားနာ ခွင့်ရပါ             ကလည်း တရားနာဖို့ ကြိုးစားပေလိမ့်မယ်။ ယက္ခသံ            ယုတ်လာ ပိယကံရသုတ်နဲ့ ပုနဗ္ဗသုသုတ်တို့ကို           လေ့လာသင့်ပါ တယ်။ (သံ၊ ၁၊ နှာ -၂၁၁)။            သို့ဖြစ်၍ ပရိ

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်

ရတနသုတ်တော် ၀တ္ထုဖြစ်စဉ်       ဂေါတမ မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်တွင် ဝါဆိုနေစဉ်က ရှစ်ယူဇနာ ကွာဝေးသော ဝေသာလီပြည်တွင် မိုးကြီးခေါင်ကာ ကောက်ပဲ သီးနှံများ စိုက်ပျိုးမရ၊ ငတ်မွတ် ခေါင်းပါးသော ဒုလ္လိက္ခန္တရကပ် ဘေးကြီးဆိုက်ကာ အစာရေစာ မစားရ၍ သေကြေပျက်စီးခြင်း ဖြစ်ကြလေသည်။ ထိုသေသော သူတို့သည် တစ္ဆေ သရဲ ဘီလူးများ တဖန်ဖြစ်ရကာ ကျန်ရစ် သူတို့အား ဖမ်းစား နှိပ်စက်ပြန်သဖြင့် ဝမ်းသွန် ဝမ်းပျက်၊ ကျောက်၊ ဝက်သက်စသော ကူးနာ ယဉ်းနာများဖြင့် လွန်စွာ သေပျောက်ကြကုန်၏။      အသေအပျောက် များလာသောကြောင့် လူသေကောင် များကို သုသာန်သို့ မပို့နိုင်တော့သဖြင့် မြို့ထဲမှာ ပုပ်ပွနေပြီး ထိုအနံ့ကြောင့် ဘီလူး, သရဲများ မြို့ထဲဝင်ကာ စားသောက် ကြပြန်သဖြင့် လွန်စွာ သေပျောက်ကုန်၏။ လူသေ အလောင်း များထံမှ ဖြစ်ပေါ်လာသော လေမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်ပွားလာလေ၏။        ထို ဘီလူး, သရဲများကို မှီ၍ ရောဂါဘယဘေး၊ အမနုဿဘေး၊ ဒုလ္လိက္ခဘေး ဟူသော ဘေးကြီး သုံးရပ်သည် လှိုင်းခတ်သလို ဖြစ်သောကြောင့် ဝေသာလီ တစ်ပြည်လုံး ချောက်ချားခြင်းတို့ ဖုံးလွှမ်းကုန်၏။          ထိုအခါ တိုင်းသူပြည်သားများက လိစ္ဆဝီမင်းများ မင်းကျင့်တရား ညီ, မညီ နှင့် လိစ္ဆဝီမင်းမျ

အရှင်ဗာကုလမ​ထေရ်

                          ရဟန္တာ​ထေရုပ္ပတ္တိ ထေရုပ္ပတ္တိအကျဉ်းချုပ် ဘွဲ့တော်        ■ အရှင်ဗာကုလ  ရာထူး            ■ မဟာသာဝက  ဧတဒဂ်    ■ အပ္ပါဗာဓဧတဒဂ် (အနာရောဂါကင်းခြင်း) ငယ်နာမည်    ■  ဗာကုလ  မိဘအမည်   ■ ကောသမ္ဘီသူဌေး  ဇာတိ              ■ ကောသမ္ဘီပြည်  ဂုဏ်ရည်များ ■ ငယ်စဉ်ကစ ပရိနိဗ္ဗာန်ပြုသည့်တိုင်အောင်                                အကောင်းဆုံးတို့ကိုသာ သုံးဆောင်ရခြင်း၊                                အနာရောဂါကင်းခြင်း။              အရှင်ဗာကုလမထေရ် သည် ဂေါတမမြတ်စွာရား လက်ထက်၌ အနာရောဂါကင်း ပြီး ကျန်းမာသော မထေရ် အဖြစ် ထင်ရှားကျော်ကြားလေ ၏။ ဤကမ္ဘာမှ ပြန်၍ ရေတွက် သည်ရှိသော် လွန်လေပြီးသော တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထက်၌ ရား(၃)ဆူပွင့်သော ဝရကမ္ဘာဝယ် အရှင် ဗာကုလ မထေရ် လောင်းလျာသည် အနောမဒဿီမြတ်စွာဘုရား ခြေတော်ရင်း၌ ဆုပန်ခဲ့ ၏။ အရှင်ဗာကုလမထေရ်လောင်း လျာသည် တောထဲ၌ ရသေ့ ဝတ်ပြီး တရားအားထုတ် နေ ၏။ ထို အချိန်ဝယ် အနောမ ဒဿီ မြတ်စွာဘုရားသည် ရဟန္တာပေါင်းများစွာ ခြံရံလျက် ထို တောအုပ်သို့ ရောက်တော် မူ လာ ၏ ။ အ ရှင် ဗာကု လ မထေရ်လောင်းလျာ ရသေ့သည် အနောမဒဿီ မြတ်စွာ ဘုရားလေနာရောဂါ ခံစား နေ ရကြောင်း သိ ရ၏ ။

သုကထာစာစုများ အတဲွ(၁) အမှတ် (၁) မာတိကာ

သုကခါစာစုများအတဲွ(၁) အမှတ်(၁) ၏ မာတိကာ

သုကထာစာစုများ အတဲွ (၁) အမှတ်(၂) မာတိကာ

မာတိကာ ဥ​ယောဇဥ် မိုးဦးမှတ်တမ်း သုကထာကဗျာ တန် ရုံ​လေရွာလိုက်​ပေါ့ ခန္ဓာနာဓ်ရုပ်ထို၀န်ထုပ် ဘုရားပွဲ​တော် သုကထာ မှတ်သားဖွယ် စွန်းလွန်းဆရာ​တော်ဦးကဝိ၊ ​​​​ေ ရွှဥမင်ဆရာ​တော်၊ လယ်တီဆရာ​တော် ဘုရားကြီး၊မင်းကွန်းဆရာ​တော်ကြီး၊ မိုးကုတ်ဆရာ​တော်ကြီး၊ကျည်းကန်ရှင်ကြီးနှင့် ရှင်မဟာရဌသာရ သုကထာကာတွန်းနှင့်ရုပ်ပြ ပရဟိတစိတ်ထား သုကထာမြန်မာစကားရင်းမြစ်များ သုကထာ၀တ္ထု ဝိပါက်ကြမ္မာ​​ေကြာက်စရာ မိမိအသားကို စွန့်လှူဝံ့သူ လမ်းသစ်​ဖောက်သူ အာဂအမျိုးသမီး သုကထာ ဓမ္မအ​မေးအ​​ေဖြ သုကထာ မြန်မာလ မြတ်နိဗ္ဗာန်ရည်မှန်းဝါဆိုပန်းခူးရ​အောင် ​​ေမြနံ့သင်းစ ဝါဆိုလ ​ရေမိုးထွတ်​ခေါင်လဝါ​ခေါင် လ​တော်သလင်း  မြစ်သင်ဖြူးခင်း​​​ေလှသဘင်ကျင်း မုိးလင်းကင်းလွတ်ဝါကျွတ်ချိန်ခါဆီမီးထိန်ထိန်ဝါ သုကထာ သံ​ဝေဂ သစ္စာတန်ဖိုး နိုဂုံးမလှအရှင်​ဒေဝဒတ္တ အမိမဲ့သား​ရေနည်းငါးမဟုတ်ပါ မကြားချင်မမြင်ချင်​သောဆု သားနှစ်​ယောက်နှင့် ဘီလူးမပြိတ္တာ သုကထာ ​ဆောင်းပါး စကားကို ဖြန့်ကားချဲ့ထွင်ကြည့်ခြင်းနှင့်... ဗုဒ္ဓ၏ ၃၂ ပါး​စ​သော လက္ခဏာ​တော်ကြီးများမှ... အံ့ဖွယ်​​ေခြ​တော်ရာ လက္ခဏာ​တော်ကြီးငယ် ဘုရားရှိခိုး ဘုရား​စေတီများမှ တံခွန်တိုင်ရုပ်တုများ စကားအရာ​​ေပြာဆိုတတ်ပါမှ သ

သုကထာစာစုများ အတွဲ(၁) အမှတ်(၂) မှ ထုတ်​​ဝေသူ၏ ဆန္ဒမွန်

    မင်္ဂလာပါ မြန်မာ                ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှ လူများသည် တစ်ယောက်နှင့် တစ်ယောက် ဆံမိကြသောအခါ နှုတ်ခွန်းဆက်စကား ပြောကြသည်။ နိုင်ငံ၊ လူမျိုးနှင့် ပြောဆိုကြသည့် ဘာသာစကားမတူညီကြသော်လည်း နှုတ်ခွန်းဆက် စကား ပြောဆိုသော ဓလေ့မှာ အတူတူပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုးရာဘာသာယဉ်ကျေးမှုနှင့် ကိုက်ညီစွာ“မင်္ဂလာပါ” ဟု နတ်ခွန်းဆက်သကြသည်။ စာသင်ခန်း များတွင် ၎င်း၊ အခမ်းအနားများတွင်၎င်း၊ တွေ့ဆုံ နတ်ဆက်သောအခါ တွင်၎င်း “မင်္ဂလာ”ပါပြောဆိုလေ့ရှိသည်။ မင်္ဂလာရှိပါစေ၊ မင်္ဂလာတရားနှင့် ပြည့်စုံပါစေဟူသောအဓိပ္ပာယ်ဖြင့် နှုတ်ခွန်းဆက်သခြင်းဖြစ်သည်။ “မင်္ဂလာပါ” ဟူသော စကားသည် မင်္ဂလသုတ်မှ ဆင်းသက်လာ ခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားတော်မူသော မင်္ဂလသုတ်သည် လောကီလူသားများ ကြီးပွားချမ်းသာရေး အတွက် အဓိကထား၍ ညွန်ကြားခဲ့သော တရားတော်ဖြစ်သည်။ မင်္ဂလသုတ်လာ တရားများကို လိုက်နာကျင့်ကြံသော သူသည် မင်္ဂလာရှိပြီး ကြီးပွားတိုးတက်နိုင်သည်။ ရှေးလူကြီးများသည် အဓိပ္ပာယ်ပြည့်ဝစွာဖြင့် “မင်္ဂလာ”ဟုနှုတ်ခွန်းဆက်သခြင်းဖြစ်သည်။                 အမှန်စင်စစ် “မင်္ဂလာပါ”ဟူသော စကားသည် ကောင်းသောစကား “သုကထာ”ဖြစ်သည်။ မင်္ဂလသုတ်တွ

ဓမ္မအ​မေးအ​​ေဖြကဏ္ဍ(၂)

ဓမ္မအ​မေးအ​​​ေြဖကဏ္ဍ(၂) မေး =  ဆရာရှင့်- အင်္ဂုလိမာလဟာ လက်ညှိုးတစ်ထောင်ရဖို့                လူတစ်ထောင် သတ်ရသည်ဟု သိရပါသည်ရှင့်။ လူ                တစ်ယောက်တွင် လက်ညှိုး နှစ်ချောင်းပါ                                သောကြောင့် လူငါးရာသတ်ပါက လက်ညှိုးတစ်                      ထောင် ပြည့်နိုင်သည် မဟုတ်ပါလား။                                     အဘယ်ကြောင့် လူတစ်ယောက်လျှင် တစ်ချောင်းသာ             ဖြတ်ယူရပါသလဲ ဆရာ- ​ေြဖ- “မနုဿာနံ သဟဿဒက္ခိဏဟတ္ထင်္ဂလိယော အာနေ            ဟိ”(ထေရ၊ ဋ္ဌ၊ ၂၊ နှာ-၃၂၅) ဟူသော အဖွင့်အရ အဟိသ          က၏ ဆရာက သူ့တပည့် အဟိသက လူများများသတ်            ပါက တစ်ယောက်ယောက်က အဟိသကကို ပြန်သတ်            နိုင်လိမ့်မည် ဟူ သော အတွေးဖြင့် “လူတစ်ထောင်တို့၏          လက်ယာ လက်ညှိုးတစ်ထောင် ယူဆောင် ခဲ့လေ” ဟု              စေခိုင်းလို့ အသက(အင်္ဂုလိမာလ)သည် လူတစ်ယောက်          လျှင် တစ်ချောင်းသာဖြတ်ယူခြင်းဖြစ်ပါတယ်။  ​မေး- ဆရာရှင့်-သရဏဂုံသုံးပါးတည်ရုံမျှနဲ့ ဗုဒ္ဓဘာသာဝင်              ြဖစ်နိုင်ပါပြီလား ဆရာရှင့်။  ​​ေဖြ- သရဏဂုံသုံးပါးတည်ရုံမျှနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်နိုင်ပါ                 တယ်။ သို့သေ